ကနီမြို့တွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေများဝင်ရောက်


 ကနီ၊ စက်တင်ဘာ ၆

 စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ချင်းတွင်းမြစ် အဖျားပိုင်းများတွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ် ကမ်းဘေးရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက် နှစ်ရပ်ကွက်တွင် အနိပ်ပိုင်းနေရာများ၌ စက်တင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင် ၍ မြစ်ရေများ ၀င်ရောက်ပြီး ကနီမြို့တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကနီမြို့ အခြေစိုက် မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ဇလဗေဒစခန်းမှ တရားဝင်ထုတ်ပြန်ချက်အရ ကနီမြို့တွင် စက်တင်ဘာ ၅ ရက်နေ့ ည(၈း၀၀)နာရီက ချင်းတွင်းမြစ်ရေမှာ၁၂၃၃ စင်တီမီတာ မြို့၏စိုးရိမ်ရေအမှတ်ရောက်ရှိခဲသည်။ စက်တင်ဘာ ၆ ရက်နေ့တွင်၁၂၆၃ စင်တီမီတာအထိတက်ရောက်ခဲ့ပြီး ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်မှာ ၁၂၃၃ စင်တီမီတာ ဖြစ်သည်။ စက်တင်ဘာလ ၆ ရက်နေ့ နံနက် (၈း၀၀) နာရီတွင် ချင်းတွင်းမြစ်ရေမှာ ၁၂၆၃စင်တီမီတာအထိ တက်ရောက်ခဲ့၍ စိုးရိမ်ရေမှတ် အထက် ၃၀စင်တီမီတာ တစ်ပေကျော်ခန့်မြင့်တက်လာမှုကြောင်း မြို့ပေါ် ရပ်ကွက်များ အတွင်း ရေများ ၀င်ရောက်ရခြင်းဖြစ်ကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကနီမြို့တွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေများဝင်ရောက်  ကနီမြို့တွင် ချင်းတွင်းမြစ်ရေလျှံတက်ပြီး မြို့ပေါ်ရပ်ကွက် အချို့ ရေများဝင်ရောက် Reviewed by THITHTOOLWIN on 10:46 Rating: 5
Powered by Blogger.