သတင်းမီဒီယာနှင့် တွေ့ဆုံစကားပြောခွင့် မပြုရာမှတရားစွဲဆိုခံ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွား


 ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဆန္ဒဖော်ထုတ်မှုဖြင့် တရားစွဲဆိုခံထားရသော တကသကျောင်းသား ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို စက်တင်ဘာ ၁ရက်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

အဆိုပါရုံးထုတ်တွင် ဖမ်းဆီးခံ တကသကျောင်းသားများကို သတင်းမီဒီယာများနှင့် တွေ့ဆုံစကားပြောခွင့်မပေးခြင်း၊ FAILED LAW စာသားပါ တီရှပ် ၀တ်ဆင်သည်ကို ရဲတပ်ဖွဲ့က တားမြစ်ခြင်းကြောင့် တရားရုံးရှေ့၌ ရုန်းရင်းဆန်းခတ်အခြေအနေဖြစ်ပွားခဲ့ပြီး ကိုဇေယျာလွင်ကို ရဲတပ်ဖွဲ့က အချုပ်ကားပေါ်သို့ အင်အားသုံးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိသည်။

မင်းဟိန်း(စက်တင်ဘာ ၁ရက်)
The Street View
https://www.facebook.com/pages/The-Street-View





သတင်းမီဒီယာနှင့် တွေ့ဆုံစကားပြောခွင့် မပြုရာမှတရားစွဲဆိုခံ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွား  သတင်းမီဒီယာနှင့် တွေ့ဆုံစကားပြောခွင့် မပြုရာမှတရားစွဲဆိုခံ ကျောင်းသားများနှင့် ရဲတပ်ဖွဲ့အကြား ပဋိပက္ခဖြစ်ပွား Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.