ကင်တာယာဉ်ဝင်တိုက်မိ၍ (၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရရှိ


 နေပြည်တော် သြဂုတ် ၃၁

 စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မုံရွာ-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၆၆/၅-၆) ကြားတွင် သြဂုတ် ၂၉ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

တောင်ငူမှ မင်းကင်းသို့ ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့နယ်နေ ဦးရှေးသ (၄၅)နှစ် မောင်းနှင်ပြီး အလုပ်သမား ၁ဝ ဦး လိုက်ပါလာသည့် 3I/---- Bongo ယာဉ် မှာ လမ်းဘေးချရပ်ကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူများ ယာဉ်အောက်သို့ ဆင်း၍ နားနေစဉ် မန္တလေးမှ မုံရွာသို့ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ လိမ်ပင်ကွက်သစ်နေ ဝေထွန်း(၂၂)နှစ်မောင်းနှင်လာသည့် 7I/ --- ကင်တာယာဉ်က အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် 3I/ ---- ယာဉ်ပေါ် တွင် လိုက်ပါလာသူများအနက် ပဲခူးတိုင်းဒေသကြီး သာဂရမြို့နယ် ညောင်ကိုင်းရွာနေ မောင်လွင် (၂၅)နှစ်၊ ဇရဲပေါက်ရွာနေ ပြည့်ဖြိုးသူ(၂၄)နှစ်နှင့် ရေတာရှည်မြို့နယ် ရေငန်း ရွာနေ ကိုအေး (၄၆)နှစ်တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ တွင် သေဆုံးသွားခဲ့ပြီး ဇရဲပေါက်ရွာ နေ စိုးမင်း (၂၅) နှစ်နှင့် မင်းမင်း (၃ဝ)နှစ်တို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ဝေထွန်းအား ချောင်းဦး မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကင်တာယာဉ်ဝင်တိုက်မိ၍ (၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရရှိ  ကင်တာယာဉ်ဝင်တိုက်မိ၍ (၃)ဦးသေဆုံး၊ (၂)ဦးဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.