IS ၀င်ချင်သူ ၇ ဦးကို ဖမ်းမိ

IS ဟာ လူမှုကွန်ယက်တွေကနေပြီး တပ်သားစုဆောင်းပါတယ်။ (Credit: AFP) 
 အရှေ့အလယ်ပိုင်းက ​အကြမ်းဖက်အဖွဲ့အစည်းနဲ့ ​ပူးပေါင်းဖို့ ​သြစတြေးလျကနေ ​ထွက်ခွါရန် ​ကြိုးစားတဲ့ ​လူငယ် ​၇ ​ဦးကို ​သြစတြေးလျ ​အာဏာပိုင်တွေက ​လေဆိပ်မှာ ​ထိန်းသိမ်းလိုက်တယ်လို့ ​သြစတြေးလျဝန်ကြီးချုပ် ​တိုနီအာဘော့တ် ​က ​ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ​ပတ်သက်ပြီး ​အချက်အလက်တချို့ပေးခဲ့သလို ​အကြမ်းဖက်နှိမ်နှင်းရေး ​လုပ်ဆောင်မှုတွေဟာ ​အရေးကြီးတယ်လို့ ​၀န်ကြီးချုပ်က ​ပြောပါတယ်။

ဒါကြောင့်လည်း ​အစိုးရက ​အစ္စလာမ်မစ်နိုင်ငံထူထောင်လိုတဲ့ ​အိုင်အက်စ်ကို ​ချေမှုန်းဖို့ ​စိတ်အားထက်သန်တာ ​ဖြစ်ကြောင်း ​အခုလို ​ပြောပါတယ်။

ကမ္ဘာ့ရဲ့ ​လုံခြုံရေး ​နဲ့ ​ငြိမ်းချမ်းရေးကို ​ဖျက်လိုဖျက်ဆီးလုပ်ဆောင်မှုတွေအတွက် ​နိုင်ငံအတွင်းမှာရော ​အပြင်မှာပါ ​လုံခြုံရေး ​သတိအမြဲရှိဖို့ ​လိုအပ်တယ်ဆိုတာ ​ပြပါတယ် ​လို့ ​သြစတြေးလျဝန်ကြီးချုပ် ​တိုနီအာဘော့တ် ​က ​ပြောပါတယ်။

By Eliza Borrello, Susan McDonald and James Glenday
ABC Radio Australia
http://www.radioaustralia.net.au/burmese
IS ၀င်ချင်သူ ၇ ဦးကို ဖမ်းမိ IS ၀င်ချင်သူ ၇ ဦးကို ဖမ်းမိ Reviewed by THITHTOOLWIN on 17:38 Rating: 5
Powered by Blogger.