ရေဘေးနောက်ဆက်တွဲ ဆိုးကျိုးများ

ဟားခါးမြို့က ပြိုကျသွားတဲ့ အိမ်တချို့ (Credit: AFP) 
 မြန်မာနိုင်ငံရဲ့ ​ရေဘေးနောက်ဆက်တွဲရောဂါတွေ ​အနေနဲ့ ​၀မ်းပျက်ဝမ်းလျောရောဂါတွေ ​နေရာအတော်များများမှာ ​စတင် ​ဖြစ်ပွားလာပါတယ်။

မကွေးတိုင်း ​ပွင့်ဖြူ ​မြို့နယ်မှာ ​ရွာသား ​၃၀ ​ကျော်နဲ့ ​စစ်ကိုင်းတိုင်းမှာလည်း ​ရွာသား ​၄၀ ​လောက်ကို ​၀မ်းပျက်ဝမ်းလျှော ​ရောဂါတွေအတွက် ​ကုသမှုတွေပေးခဲ့ရကြောင်း ​ကျန်းမာရေးဝန်ကြီးဌာနက ​ဒေါက်တာ ​စိုးလွင်ငြိမ်းက ​ပြောပါတယ်။

ရေသန့်ဗူး ​နဲ့ ​ကလိုရင်းစတဲ့ ​ရေသန့်စေတဲ့ ​အမှုန့်တွေကို ​အာဏာပိုင်တွေက ​စတင်ဖြန့်ဝေပေးနေပြီလို့ ​သိရပါတယ်။

ကုလသမဂ္ဂရဲ့ ​ထုတ်ပြန်ချက်အရ ​ရေဘေးကြောင့် ​လူပေါင်း ​၁၀၀ ​ကျော် ​သေဆုံးခဲ့ရသလို ​၁.၃ ​သန်းဟာလည်း ​ရေဘေးကြောင့် ​ဒုက္ခရောက်ရတယ်လို့ ​ဆိုပါတယ်။

အထူးသဖြင့် ​ရခိုင်ပြည်နယ်၊ ​စစ်ကိုင်း၊ ​မကွေး ​နဲ့ ​ဧရာဝတီ ​တိုင်းတွေမှာ ​ရေဘေးဒဏ် ​အဆိုးဆုံး ​ခံရပြီး ​သောက်ရေ ​သုံးရေအတွက် ​များစွာ ​အခက်အခဲ ​ကြုံနေရကြောင်း ​သိရပါတယ်။

မကွေးတိုင်း ​ပွင့်ဖြူမြို့နယ်က ​ရွာသားတွေဟာ ​လုံခြုံတဲ့ ​တခြားနေရာတွေမှာ ​ယာယီနေထိုင် ​နေရပါတယ်။

ရေတွင်းရေကန် ​အများအပြားဟာလည်း ​ရေဆိုးတွေ ​၀င်ရောက်ခဲ့လို့ ​ပျက်ဆီးမှု ​များခဲ့သလို ​ခြံမွေးတိရစ္ဆန်တွေအတွက်လည်း ​အစားအစာနဲ့ ​လုံခြုံမှုဟာ ​အထူး ​စိုးရိမ်နေရပါတယ်။

မုန်သုန်းမိုးရည်တွေကို ​စုဆောင်းနိုင်ဖို့အတွက် ​ရေကန်တွေထဲက ​ရေဆိုးရေညစ်တွေကို ​စုပ်ထုတ်နေရကြောင်း ​နဲ့ ​ရေသန့်တွေ ​ပြန်လည် ​မစုဆောင်းနိုင်ခဲ့ရင် ​ပူပြင်းတဲ့ ​ရာသီတွေမှာ ​ရွာသားတွေအတွက် ​အခက်အခဲများစွာနဲ့ ​ရင်နိုင်နိုင်ရတယ်လို့ ​ရခိုင်ပြည်နယ်အစိုးရရဲ့ ​အတွင်းရေးမှူး ​ဦးတင်မောင်ဆွေက ​ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ​ကြက်ခြေနီအဖွဲ့ရဲ့ ​အကူအညီနဲ့ ​ရခိုင်ပြည်နယ်မှာ ​မိုးရည်သိုလှောင်ရေး ​အစီအစဉ်တွေကို ​အထူးဦးစားပေး ​လုပ်ဆောင်နေတယ်လို့ ​သိရပါတယ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်က ​ညောင်တုန်းမြို့နယ်မှာလည်း ​ရွာ ​ပေါင်း ​၂၀၀ ​ကျော်လောက် ​သောက်သုံးရေ ​ပြတ်လတ်မှုတွေနဲ့ ​ရင်ဆိုင်နေရတယ်လို့ ​သိရပါတယ်။

ယာယီနေထိုင်ရေးစခန်းတွေက ​ဒုက္ခသည်တွေဟာ ​၀ါးနဲ့ ​လုပ်ထားတဲ့ ​အခင်းတွေ ​နဲ့ ​အတူ ​အလျှူရှင်တွေ ​လျှူဒန်းတဲ့ ​သောက်ရေသန့်တွေကို ​အားထားမှီခိုနေရကြောင်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ရေဘေးနောက်ဆက်တွဲ ဆိုးကျိုးများ    ရေဘေးနောက်ဆက်တွဲ ဆိုးကျိုးများ Reviewed by THITHTOOLWIN on 17:36 Rating: 5
Powered by Blogger.