ပါတီခေါင်းဆောင် အပြောင်းအလဲ ရွေးကောက်ပွဲကို မထိခိုက်

 နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ကို သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: Myo Thant Khaing/RFA
 ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲဟာ လာမယ့် ၂၀၁၅ ရွေးကောက် ပွဲကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ကြောင်းနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစား သွားမှာဖြစ်ကြောင်း ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက ပြောပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဗဟိုအလုပ်အမှုဆောင် ကော် မတီဝင်တွေနဲ့ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီးနောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက မီဒီယာတွေကို ပြောလိုက်တာပါ။

"ကျနော်တို့ပါတီအနေနဲ့က ရွေးကောက်ပွဲကော်မရှင်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေနဲ့အညီ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီးဖြစ်ရေးအတွက် ရွေးကောက်ပွဲဝင်တဲ့ လွှတ်တော်ကိုယ်စား လှယ်လောင်းတိုင်းကရော ပါတီဝင်တိုင်းကရော ကြိုးပမ်းဆောင်ရွက်မှာဖြစ်ပါတယ်၊ ဘယ်လိုမှအနှောင့် အယှက်ဖြစ်အောင် ကျနော်တို့ဆောင်ရွက်ဖို့ လုံးဝမရှိပါဘူး အဲ့လိုဟာမျိုးကိုလည်း ကျနော်တို့မလိုလားပါဘူး"

အဲဒီတွေ့ဆုံပွဲကို ပါတီဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ပါတီရဲ့ပူးတွဲဥက္ကဌတာဝန်ကို ဦးဌေးဦးထံ လွှဲပြောင်းပေးအပ်ခဲ့တဲ့အကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၁၂ရက်နေ့ညက ပါတီရုံးချုပ်မှာ အစည်းအဝေး ၂ကြိမ်ကျင်းပခဲ့ပြီး ပူးတွဲဥက္ကဌတာဝန်ယူထားတဲ့ သူရဦးရွှေမန်းကို ရာထူးကနေ ဖယ်ရှားပြီး ဦးဌေးဦးထံ တာဝန်လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပါတီခေါင်းဆောင် အပြောင်းအလဲ ရွေးကောက်ပွဲကို မထိခိုက်  ပါတီခေါင်းဆောင် အပြောင်းအလဲ ရွေးကောက်ပွဲကို မထိခိုက် Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.