ပြင်သစ်တွင် ကြက်တိုက်ခြင်းကို ဥပဒေဖြင့်တားမြစ်


 ပါရီ သြဂုတ် ၂

 ပြင်သစ်တရားရုံးချုပ်က နိုင်ငံ အတွင်း၌ ကြက်တိုက်သည့်ဓလေ့ ပပျောက်စေရန် ရည်ရွယ်၍ ပြဋ္ဌာန်း ထားသော ဥပဒေသည် အခြေခံဥပဒေ နှင့် ညီညွတ်ကြောင်း ဆုံးဖြတ်ပြီး ကြက်တိုက်သည့် ရိုးရာဓလေ့ကို ထောက်ခံသူများက ကြက်တိုက်ကွင်း အသစ်တစ်ခု တည်ထောင်ခွင့်ပြုပါ ရန် မေတ္တာရပ်ခံချက်ကို ပယ်ချလိုက် ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။

ကြက်တိုက်ကွင်း အသစ်များ ထူထောင်ခြင်းအား တားမြစ်ပိတ်ပင် မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကောင်စီက ဇူလိုင် ၃၁ ရက်တွင် အတည်ပြုခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ပြဋ္ဌာန်းထားခဲ့သော ဥပဒေသည် ကြက်ဝိုင်းအားလုံးကို တဖြည်းဖြည်း ပပျောက်သွားစေရန် ရည်ရွယ်သည်။
ပြင်သစ်ပိုင် ရီယူနီယံကျွန်း၌ ကြက် တိုက်ကွင်း အသစ်တစ်ခု တည်ထောင် လိုသည့် ပြင်သစ်နိုင်ငံသား နှစ်ဦးက မကြာသေးမီကဥပဒေအရ စိန်ခေါ်ခဲ့ သည်။

ကြက်တိုက်ခြင်းကို ရိုးရာဓလေ့ ထုံးစံတစ်ခုအဖြစ် နက်ရှိုင်းစွာ ယုံကြည်လက်ခံထားကြသည့် ဒေသ များ၌သာလျှင် ကြက်တိုက်ခြင်းသည် ဥပဒေဘောင်အတွင်းမှာရှိသည်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း၊ ပြင်သစ်နယ်မြေများဖြစ်ကြသည့် ရီယူနီယံ၊ ပြင်သစ်ဂိုင်ယာနာနှင့် ပြင်သစ်အန်တီလီးစ်တို့တွင် ဖြစ် သည်။
ထို့အပြင် ကြက်တိုက်ခြင်းသည် တိရစ္ဆာန်များအား ညှဉ်းပန်းနှိပ်စက် ခြင်းဖြစ်သည်ဟု သဘောထားပြီး ကြက်တိုက်သူများကို ထောင်ဒဏ် နှစ်နှစ်အပြစ်ပေး၍ ငွေဒဏ်ဒေါ်လာ ၃၃ဝဝဝ အထိ ချမှတ်နိုင်သည်။

ကြက်တိုက်ပွဲတွင် ကြက်ဖ နှစ်ကောင် ခွပ်ကြပြီး အဆုံးသတ်တွင် တစ်ခါတစ်ရံ တစ်ကောင်သေပွဲဝင်ရ လေ့ရှိသည်။ကြက်တိုက်သည့် ဓလေ့ မှာ အရှေ့တောင်အာရှ၊ လက်တင် အမေရိကတို့တွင် ရှိသည်။ အနောက် နိုင်ငံအများစုတွင်မူ ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းဖြစ်သည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ပြင်သစ်တွင် ကြက်တိုက်ခြင်းကို ဥပဒေဖြင့်တားမြစ်  ပြင်သစ်တွင် ကြက်တိုက်ခြင်းကို ဥပဒေဖြင့်တားမြစ် Reviewed by THITHTOOLWIN on 09:32 Rating: 5
Powered by Blogger.