ကလေးမြို့ယူနိုက်တက်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား


 ကလေး သြဂုတ် ၂

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပင်လုံရပ်ကွက် လေယာဉ်ပြေးလမ်းအရှေ့ဘက်ရှိ ယူနိုက်တက်စက်သုံးဆီ ဆိုင်တွင် ယနေ့ ညနေ ၄ နာရီခွဲခန့်က ပေါ့ဆမီးကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓာတ်ဆီဆိုင်တစ်ခုလုံးအပါအဝင် သုခကမ္ဘာခန်းမနှင့် ယုန်စန္ဒာစားသောက်ဆိုင်များသို့ မီးများကူးစက်လောင်ကျွမ်းခဲ့သည်။

အဆိုပါမီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၅ဝ တွင် မီးထိန်းနိုင်ခဲ့ပြီး ကျန်ရှိနေသည့် မီးများကို ဆက်လက်ငြှိမ်းသတ်လျက်ရှိသည်။

အဆိုပါမီးလောင်ရာသို့ မီးငြှိမ်းသတ်ရန် မီးသတ်ကား သွားရာလမ်းတစ်လျှောက်နှင့် မီးလောင်ရာပတ်ဝန်းကျင်တွင် လာကြည့်သူများ၏ ဆိုင်ကယ်များကြောင့် မီးသတ်ကားသွားရာတွင် အခက်အခဲရှိကြောင်း ''လမ်းကြော ရှင်းလင်းပေးဖို့လိုပါတယ်။ ဒါမှ မီးသတ်ကားအလွယ်တကူ အချိန်မီ သွားရောက်ငြှိမ်းသတ်နိုင်မှာဖြစ်ပါတယ်'' ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကလေး(ခရိုင်ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ကလေးမြို့ယူနိုက်တက်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား  ကလေးမြို့ယူနိုက်တက်စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.