မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းခမ်းပတ်ချောင်း ရေတရှိန်ထိုး ကျဆင်းပြီး လူများ မျောပါ၊ သေဆုံးမှု ဖြစ်ပွား
မော်လိုက် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းခမ်းပတ်ချောင်း ရေတရှိန်ထိုး ကျဆင်းပြီး လူများ မျောပါသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ (၉-၈-၂၀၁၅) ရက်နေ့ ညပိုင်းတွင် မော်လိုက်မြို့၌ မိုးများ သည်းထန်စွာ ရွာသွန်းခဲ့သည်။ အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် (၁၀-၈-၂၀၁၅) ရက်နေ့ နံနက် (၂) နာရီအချိန်တွင် မော်လိုက်မြို့နှင့် ကလေး၊ တမူးသို့ ဖောက်လုပ်ထားသည့် ပြောင်ဘုတ်ကားလမ်းမရှိ မော်လိုက်မြို့မှ (၇) မိုင် (၅) ဖာလုံတွင် ရှိသည့် နန်းခမ်းပတ်ချောင်းမှ ချောင်းရေသည် ပုံမှန်စီးနေ ကျ ချောင်းရိုးအတိုင်း မစီးဆင်းဘဲ ရေစီးကြောင်း ပြောင်း၍ တရှိန်ထိုး ကျဆင်းလာမှုကြောင့် မြို့နယ် ဆောက်လုပ်ရေး ဦးစီးဌာနမှ ဦးအောင်မြင့်ဦး (AE) ၊ တာဝန်ခံ ဆောက်လုပ်နေသည့် လမ်းဆိုက် အလုပ်သမား တဲများကို ရေတိုက်စားခံရပြီး အလုပ်သမား ကျား (၃)၊ မ (၅) စုစုပေါင်း (၈) ဦးနှင့် စားသောက်ကုန် ပစ္စည်းများ ချောင်းရေနှင့်အတူ မျောပါသွားခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများနှင့် အလုပ်သမား၊ ပြည်သူများ စုပေါင်း၍ ရှာဖွေရေးများ ပြုလုပ်ရာ ကျား (၂)၊ မ (၃) စုစုပေါင်း(၅) ဦးအား ပြန်လည်တွေ့ရှိခဲ့ပြီး (၃) ဦးမှာ ယခု အချိန် ထိ ပျောက်ဆုံးနေကြောင်းနှင့် တွေ့ရှိထားသည့် (၅) ဦးအနက် ကျား (၁) ဦးမှာ ချောင်းဘေးသစ်ပင်၌ အသက်သေဆုံးလျက် တွေ့ရခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိသူ (၂) ဦးကိုလည်း ဆေးရုံများသို့ ပို့ဆောင် ကုသပေးနေကြောင်းနှင့် ပျောက်ဆုံးသူ ကျား (၁)၊ မ (၂) စုစုပေါင်း (၃) ဦးကိုလည်း တာဝန်ရှိသူတို့မှ ဆက်လက်ရှာဖွေရေးများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းခမ်းပတ်ချောင်း ရေတရှိန်ထိုး ကျဆင်းပြီး လူများ မျောပါ၊ သေဆုံးမှု ဖြစ်ပွား  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နန်းခမ်းပတ်ချောင်း ရေတရှိန်ထိုး ကျဆင်းပြီး လူများ မျောပါ၊ သေဆုံးမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 20:52 Rating: 5
Powered by Blogger.