မြေထဲပင်လယ် လှေမှောက်ရာမှာ ပါသူတွေ ရှာဖွေကယ်ဆယ်နေ


 လှေစီးပြေး ဒုက္ခသည် ၆၀၀ လောက်ကို တင်ဆောင်လာတဲ့ လှေသင်္ဘောတစ်စင်း လစ်ဗျားနိုင်ငံအနီး မြေထဲပင်လယ်မှာ နစ်မြှပ်သွားခဲ့အပြီး အသက်ရှင်ကျန်ရစ်မယ့် သူတွေကို ရှာဖွေကယ်ဆယ်နေပါတယ်။

လူ ၄၀၀ လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး အလောင်း ၂၅ လောင်းကို လောလောဆယ် ရှာတွေ့ထားတယ်လို့ အီတလီ ကမ်းခြေစောင့်အဖွဲ့နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ ဧဂျင်စီအဖွဲ့က ပြောပါတယ်။

လှေစီးပြေး ဒုက္ခသည်တချို့ လှေသင်္ဘောဝမ်းဗိုက်ထဲမှာ ပိတ်မိနေနိုင်ဖွယ်ရှိတယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဥရောပမှာ ရွှေ့ပြောင်းအခြေစိုက်ဖို့အတွက် မြေထဲပင်လယ်ကို ဖြတ်ဖို့ ကြိုးစားခဲ့ကြတဲ့ လှေစီးပြေးဒုက္ခသည် ၂၀၀၀ ကျော်လောက် အခုနှစ်အတွင်း ရေနစ်သေဆုံးခဲ့တယ်လို့ ယူဆရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
မြေထဲပင်လယ် လှေမှောက်ရာမှာ ပါသူတွေ ရှာဖွေကယ်ဆယ်နေ   မြေထဲပင်လယ် လှေမှောက်ရာမှာ ပါသူတွေ ရှာဖွေကယ်ဆယ်နေ Reviewed by သစ်ထူးလွင် on 16:48 Rating: 5
Powered by Blogger.