နိုင်ငံပြဿနာကြီးနှင့် ရင်ဆိုင်နေရစဉ် သွေးစည်းမှု စိတ်ဓာတ်နှင့် ကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရေဘေးဒုက္ခသည်များ အား ကူညီရန် တိုက်တွန်း ပြောကြားနေစဉ် (ဓာတ်ပုံ- Aung San Suu Kyi Facebook)
    ရန်ကုန်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံရှိ မြို့ကြီး အများအပြားတွင် ရေကြီး ရေလျှံမှု ဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတွင် ပြဿနာကြီး တစ်ခုနှင့် ရင်ဆိုင်နေရ ချိန်တွင် အရေးကြီးပြီး သွေးစည်းရမည့် စိတ်ဓာတ်ဖြင့် ကူညီရန် ယနေ့ ဗွီဒီယို မိန့်ခွန်းမှ တိုက်တွန်း ပြောကြား လိုက်သည်။

“ရေကြီး ရေလျှံမှုတွေမှာ ပြည်သူတွေ တာဝန်သိပြီး ကူညီနေတာ ဝမ်းသာပါတယ်၊ပြည်သူတွေ ဝိုင်းလုပ်တာ နိုင်ငံအတွက် အားတက်စရာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရှိ ရေဘေးဒဏ်ခံ ပြည်သူများအား လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားစဉ် (ဓာတ်ပုံ -NLD Chairperson Facebook)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပဲခူးမြို့ရှိ ရေဘေးဒဏ်ခံ ပြည်သူများအား လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားစဉ် (ဓာတ်ပုံ -NLD Chairperson Facebook)
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ပူးပေါင်းပြီး အရေးပေါ် အကူအညီ ပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ထူထောင်ရေး ကာလ ရောက်ချိန်တွင် လည်း အဖွဲ့ချုပ်အနေဖြင့် အရေးကြီးသော စီမံကိန်းများ ချပြီး ကူညီမည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

“အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချဖို့ သတင်း အချက်အလက်တွေ မှန်မှန်ကန်ကန် ရဖို့ လိုအပ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင်းရှိ ပြည်နယ်နှင့် တိုင်း ၁၂ ခုတွင် ရေးကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး စုစုပေါင်း လူဦးရေ ၆၉ ဦး သေဆုံးကာ လူပေါင်း နှစ်သိန်းကျော် ရေဘေးသင့်နေသည်။

(Xinhua)
http://www.xinhuamyanmar.com

နိုင်ငံပြဿနာကြီးနှင့် ရင်ဆိုင်နေရစဉ် သွေးစည်းမှု စိတ်ဓာတ်နှင့် ကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း  နိုင်ငံပြဿနာကြီးနှင့် ရင်ဆိုင်နေရစဉ် သွေးစည်းမှု စိတ်ဓာတ်နှင့် ကူညီရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း Reviewed by သစ်ထူးလွင် on 16:48 Rating: 5
Powered by Blogger.