ဒေါ်အောင်ဆန်းစုကြည် ပဲခူး ရေဘေးဒုက္ခသည်များနဲ့ သွားရောက်တွေ့ ဆုံ


 သြဂုတ်လ ၃ ရက် ၂၀၁၅

 ယနေ နံနက် ( ၉း၄၀) ခန့် တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့ သို့ ရောက်ရှိခဲ့ပြီး ရွှေမော်ဓေါဘုရားလမ်းရှိ မိုးလုံလေလုံအားကစားရုံကြီးတွင် ယာယီစခန်းချလျှက်ရှိသော ရေဘေးဒုက္ခသည် (၁၆၀၀) ခန့် ကို ဆန်အိတ် (၃၀၀)၊ ရေသန့် ဘူး (၇၅၀၀)၊ ဓါတ်ဆားထုတ် (၅၀၀၀)၊ Chlorine အထုတ် (၂၄၀၀) (၁ ထုတ်လျှင် ရေဂါလံ ၂၀ ကိုသန့် စင်နိုင်ပါသည်) တို့ ကို ပေးလှူခဲ့ပါသည်၊၊

ထို့ နောက်တွင် အားကစားရုံမှထွက်ခွာပြီး ရေနစ်မြုပ်နေသော ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်သို့  လှေဖြင့်သွားရောက်ကာ အောင်ဇေယျာကျောင်းတိုက်တွင် ရေဘေးသင့်မိသားစု (၆၀၀) ခန့် ကို ဆန်၊ ရေသန့် နှင့် ဆေးဝါးပစ္စည်းများ ဆက်လက်လှူဒါန်းပါသည်၊၊ ထို့ အပြင် အဆိုပါ ရေဘေးသင့် မိသားစုများအား အားပေးစကားများ ပြောကြားခဲ့ပါသည်၊၊

သတင်း-ဓါတ်ပုံ Daw Khin Kyi Foundation
https://www.facebook.com/DKKfoundation

ဒေါ်အောင်ဆန်းစုကြည် ပဲခူး ရေဘေးဒုက္ခသည်များနဲ့ သွားရောက်တွေ့ ဆုံ  ဒေါ်အောင်ဆန်းစုကြည် ပဲခူး ရေဘေးဒုက္ခသည်များနဲ့ သွားရောက်တွေ့ ဆုံ Reviewed by THITHTOOLWIN on 11:37 Rating: 5
Powered by Blogger.