မြောက်ဦးကပ်သရီသရက်တောရွာတွင် နှစ်ဦးသေဆုံး


 ရန်ကုန်၊ သြဂုတ်၂

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကပ်သရီ သရက်တောကျေးရွာတွင် လူနှစ်ဦးသေဆုံးသွားခဲ့သည်ဟု ကျောင်းထိုင်ဆရာတော် ဦးသုဂန္ဓက နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

သေဆုံးသူနှစ်ဦးထဲတွင် ဦးစိန်မြထွန်း (၄၂) (ဘ) ဦးမဲထွန်းဦးမှာ ရေနစ် သေဆုံးပြီး လင်းလင်းချေ (၁၇) နှစ်မှာ ရောဂါကုသရန် ဆေးအချိန်မီ ရောက်ရှိလာခြင်း မရှိသဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ဆရာတော်က ပြောကြားသည်။

မြောက်ဦးမြို့နယ် ငခူတောင်ကျေးရွာတွင်လည်း သုံးဦးသေဆုံးပြီး ကြက်မကျိုင်တွင်လည်း တစ်ဦးသေဆုံးသည်ဟု သတင်းရရှိကြောင်း နားပဲချောင်းဆရာတော်က ပြောကြားသည်။

နိရဉ္စရာမှ ငခူတောင်ကျေးရွာသို့ ဖုန်းဆက်သွယ်ရာ ဖုန်းလှိုင်းမရဘဲ ဖြစ်နေပါသည်။

မြောက်ဦးမြို့နယ် ပုဇွန်ဖယ်တွင် လေးဦးသေဆုံးကြောင်းကို မြောက်ဦးမြို့ ရဲစခန်းမှ ပြောကြားသဖြင့် ယခု အချိန်ထိ မြောက်ဦးမြို့နယ်တွင် ခြောက်ဦးသေဆုံးကြောင်းကို အတည်ပြုနိုင်ပြီ ဖြစ်ပါသည်။

ကျန်အသေအပျောက်စာရင်းများ ရရှိပါကလည်း အချိန်နှင့် တပြေးညီ တင်ပြပေးသွားပါမည်။

(ဓာတ်ပုံပါ သေဆုံးနေသော ကလေးငယ်များမှာ မြောက်ဦးမြို့နယ် ပုဇွန်ဖေ ရွာမှ ဖြစ်ကြောင်း သိရပါသည်။)

Arakan State
https://www.facebook.com/NarinjaraNews




မြောက်ဦးကပ်သရီသရက်တောရွာတွင် နှစ်ဦးသေဆုံး  မြောက်ဦးကပ်သရီသရက်တောရွာတွင် နှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:47 Rating: 5
Powered by Blogger.