မင်းပြားမြို့နယ်မှ ကျေးရွာအချို့ တွင် အစာရေစာပြတ်လပ်

(ဓာတ်ပုံ- ရေကြီးစဉ် မြောက်ဦးမြို့နယ် နားပဲချောင်းကျောင်းကိုတွေ့ရသည်။)
 ရန်ကုန်၊ သြဂုတ် ၃

 မင်းပြားမြို့နယ် ရေနစ်မြုပ်ပြီး အခက်အခဲကြုံတွေ့နေရသော ကျေးရွာ အချို့တွင် ကယ်ဆယ်ရေး မရောက်သေးသဖြင့် အစားအစာနှင့် သောက်ရေများ ပြတ်လပ်ကာ တစ်နေ့ ကို ထမင်း တစ်နပ်သာ စားနေရကြောင်း ရွာသားများက ပြောသည်။

''အခုကတော့ ရေနည်းနည်း ကျသွားပါခင်ဗျာ။ ဒါပေမယ့် အခု ကျွန်တော်တို့ မှာ အစားအစာနဲ့ ရေတွေပြတ်သွားပါပြီ။ စားစရာတွေ မရှိတော့ဘူး။ ကျောင်းက ဘုန်းကြီးတွေကိုလည်း ရှိတာလေးစုပြီး ဆွမ်းတွေလုပ်ပေးနေရတယ်။ အခုအရမ်းကိုဒုက္ခရောက်နေကြတယ်။ ကယ်ဆယ်အဖွဲ့ တွေကလည်း ရောက်မလာသေး ဘူး” ဟု မင်းပြားမြို့နယ် တံခွန်တိုင် ကျေးရွာ အုပ်ချုပ်ရေးမှူးက့ ပြောသည်။

လက်ရှိအခြေအနေတွင် မင်းပြားမြို့နယ်တွင် ကယ်ဆယ်ရေးများ ဖြန့်ဝေနေသော်လည်း အများစု ကျေးရွာများသို့ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်နိုင်သေးဘဲ ဖြစ်နေသည်ဟု ဆိုသည်။

'' အခု ကျွန်မတို့ ရွာမှာ စားစရာဘာမှမရှိတော့ဘူး။ သောက်ရေကတော့ အရမ်းကိုအခက်အခဲ ဖြစ်နေတယ်။ ရေကန်တွေမှာ မသန့်ရှင်းတဲ့ ရေတွေနဲ့ အပြည့် နစ်မြုစ်နေတယ်။ အဲဒီရေတွေကို သောက်လို့ မရဘူး။ ကယ်ဆယ်ရေး အဖွဲ့ တွေကလည်း တစ်ခုမှရောက်မလာသေးဘူး” ဟု မင်းပြားမြို့နယ် မင်းတင်မကျေးရွာက ဒေါ်သိန်းယီမှပြောသည်။

အရေးပေါ်ကယ်ဆယ်ရေးရောက် မလာသေးသဖြင့် အခက်အခဲကြုံနေကြရသော မင်းပြားမြို့နယ်မှ ကျေးရွာများ အထဲတွင် ဒုံးသား၊ မင်းတင်မ၊ ဖုံသာ၊ စစ်တရ၊ ဒုံကြီး၊ တောတန်း၊ ဆန်းဆိပ်၊ တံခွန်တိုင်၊ ကုလားမတောင်၊ ပေါက်တော၊ မန်ကင်ဆိပ်၊ မင်းဖူးကျေးရွာများဖြစ်ကြောင်း သိရသည်။

ဝဏ္ဍခွာညို
Arakan State
https://www.facebook.com/NarinjaraNews
မင်းပြားမြို့နယ်မှ ကျေးရွာအချို့ တွင် အစာရေစာပြတ်လပ်  မင်းပြားမြို့နယ်မှ ကျေးရွာအချို့ တွင် အစာရေစာပြတ်လပ် Reviewed by THITHTOOLWIN on 19:14 Rating: 5
Powered by Blogger.