မြောက်ဦးမြို့နယ် ငခူတောင်ရွာတွင် အမျိုးသမီးသုံးဦးသေဆုံး


 ရန်ကုန်၊ သြဂုတ် ၃

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ငခူတောင်ကျေးရွာတွင် ရေတက်လာ၍ စက်လှေနှင့် ထွက်ပြေးစဉ် စက်လှေနစ်မြုပ်ပြီး အမျိုးသမီး သုံးဦး သေဆုံးခဲ့သည်ဟု ငခူတောင်ကျေးရွာသား တစ်ဦးက ပြောသည်။

သေဆုံးသူ အမျိုးသမီး သုံးဦးမှာ မသိန်းညွှန်(၃၅) နှစ်၊ မသန်းစိုး (၁၀)နှစ်နှင့် မဖြူဖြူသန်း (၄) နှစ် တို့ဖြစ်ကြသည်။

“ သေတာက ရေတက်လာတော့ တောင်ကို စက်လှေနဲ့ ထွက်ပြေးတာမှာ စက်လှေနစ်လို့ သေတာပါ။ ဇူလှိုင်လ ၃၁ ရက်နေ့ကပါ” ဟု အဆိုပါ ရွာသားတစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ် တစ်ခုတည်းတွင် ပင် အခု အခါ သေဆုံးသူ ၉ ဦးထိ ရှိလာပြီး သေဆုံးသူများမှာ ပုဇွန်ဖေရွာက ၄ ဦး၊ ကပ်သရီ သရက်တောရွာမှ နှစ်ဦးနှင့် ငခူတောင်မှ သုံးဦးတို့ ဖြစ်ကြသည်။

ယခုအခါ ဖြစ်ပေါ်ခဲ့သော ရေဘေးကြောင့် ရခိုင်ပြည်နယ် အတွင်း သေဆုံးသူမှာ ၄၀ နီးပါးခန့်ရှိသွားပြီ ဖြစ်သည်။ ယင်းပြင်ကျွဲနွားများလည်း သေဆုံးမှု များပြားသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews
မြောက်ဦးမြို့နယ် ငခူတောင်ရွာတွင် အမျိုးသမီးသုံးဦးသေဆုံး  မြောက်ဦးမြို့နယ် ငခူတောင်ရွာတွင် အမျိုးသမီးသုံးဦးသေဆုံး Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.