လိင် ဘိုးတော် ပြန်အဖမ်းခံရ


 15 August 2015

 ၂၀၁၅ ဧပြီလကမှ ထောင်ကနေ လွတ်ငြိမ်းချမ်းသားခွင့်နဲ့  လွတ်လာတဲ့ ဘိုးတော့ ဟန် (နင်အဲယား)ဟာလေးလအတွင်းမှာ အလုပ်ဟောင်းပြန်လုပ်ခဲ့လို့  အမျိုးသမီးသုံးဦးရဲ့  တိုင်ချက်ဖွင့်မှုနဲ့  ဒီနေ့ ဘဲပြန်အဖမ်းခံရပြန်ပါပြီ။

လွန်ခဲ့တဲ့ (၁၀)ကျော်ကပေါ့၊ ဘိုးတော် ဟန်ရဲ့ ညာနည်းကတော့ ပြစ်သွားတဲ့ ချစ်သူယောက်ကျားတွေ ပြန်လာရအောင် ဓါတ်ဆင်ပေးမယ်-မိမိကိုချစ်သူခင်သူများရအောင် လုပ်ပေးနိုင်တယ်လို့  ဖျားယောင်းပြီး ပီယရေမွှေးနဲ့  နတ်ရုပ်တွေရှေ့ မှာ ကိုယ်တုံးလုံးချွတ်ဆေးစီရင်တိုင်း သူနဲ့ အိပ်ခဲ့ရသူတွေ ရာနဲ့ ချီပြီး ရှိခဲ့ပါတယ်။


   ငွေရောလူရော ရင်းခဲ့ရပြီးမှ ဘာမှဖြစ်မလာခဲ့ဘဲ ဘိုးတော်ဟန်ရဲ့ မယားတွေသာဖြစ်ကုန်ကြတော့ မခံနိုင်တဲ့သူတွေက ပ၀ီနာ အဖွဲ့ (အမျိုးသမီးအခွင့်ရေး တိုက်ပွဲဝင်ပေးသည့်အဖွဲ့ ) ကို တိုင်ခဲ့ရာက ဘိုးတော်ဟန် အဖမ်းခံရပြီး နှစ် ၂၀ ထောင်ကျခဲ့သူပါ။

  ခုလည်း အရင်အတိုင်းပါဘဲ ထောင်ကလွတ်လာစမှာဘဲ နိုင်ငံခြားသားနဲ့  လက်ထပ်ထားတဲ့မိန်းခလေးက က တခြားအမျိုးသမီး တယောက်နောက်ပါသွားခဲံတာကြောင့်ေ ယာက်ကျားသူမ ဆီ ပြန်လာရအောင် ဓါတ်ရိုက်ဓါတ်ဆင် လုပ်ပေးရင်း သီးသန့် အခန်းလေး မှာ အတင်းလိင်ဆက်ဆံ တာခံလိုက်ရလို့  ရဲကိုတိုင်ချက် ဖွင့်ရာက လိင်ဘိုးတော် ပြန်အဖမ်းခံခဲ့ရပါတယ်။


  ဒီလိုနည်းမျိုး နဲ့  လိမ်ညာပြီး ကာမဆက်ဆံကြတဲ့ အတုအယောင် ဘိုးတော်တွေဟာ သူတို့ ကို ယုံလာစေမယ့် နည်းပေါင်းစုံသုံးပြီး ထိုင်းတနိုင်ငံလုံးမှာ အများအပြားရှိနေကြပြီး အွန်လိုင်းတွေကနေကြော်ငြာထုတ်လို့  ပီရဆေး စီရင်နေတဲ့ သူတွေကို ထိုင်းသာသနာသန့် ရှင်းရေးဌာန က မျက်နှာမနာတမ်း အရေးယူနေ တာတွေ့ ရပါတယ်။

ကိုးကား Tnews Social/Crime
Social Action for Women - SAW
https://www.facebook.com/pages/Social-Action-for-Women-SAW
လိင် ဘိုးတော် ပြန်အဖမ်းခံရ   လိင် ဘိုးတော် ပြန်အဖမ်းခံရ Reviewed by THITHTOOLWIN on 21:17 Rating: 5
Powered by Blogger.