ရန်ကုန်-လားရှိုး ရွှေလီဦးမှန်လုံယာဉ်တိမ်းမှောက်ရာတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အာမခံကြေးပေးအပ်


 ဖြူး သြဂုတ် ၁၂

 ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁ဝ၅/၁) နှင့် (၁ဝ၅/ ၂) ကြား၌ သြဂုတ် ၁ဝ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က ယာဉ်တိမ်းမှောက် သဖြင့် ဖြူးမြို့ခုတင် (၁ဝဝ) ဆံ့ဆေးရုံ သို့ရောက်ရှိလာသော သေဆုံးသူ ရှစ်ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးတို့အား ကမ္ဘောဇအာမခံလုပ်ငန်းမှ ဒုတိယမန်နေဂျာ ဦးသန့်ဇင်ဦးနှင့် အဖွဲ့သည် သြဂုတ် ၁၁ ရက် ညနေ ၄ နာရီက ဖြူးဆေးရုံသို့လာရောက်၍ ဆေးရုံအုပ် ဒေါက်တာဇော်လွင်နှင့် အတူ အာမခံလက်မှတ် ဝယ်ယူစီးနင်း ကြသည့် သေဆုံးသူခရီးသည် အမျိုးသားသုံးဦး၊ အမျိုးသမီးငါးဦး တို့၏ ကျန်ရစ်သူမိသားစုတို့ကို တစ်ဦး လျှင် အာမခံကြေးငွေကျပ် သိန်း ၃ဝ စီ ပေးအပ်သည်။

ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား လူနာ ၁၃ ဦး၊ အမျိုးသမီးလူနာ ရှစ်ဦးတို့ကို ငွေကျပ်တစ်သိန်းစီ ယာယီပေးအပ်ခဲ့ပြီး ဆရာဝန်၏ဆေးစာအရ ဆေးရုံတက်ရောက်ကုသ နေသူ၏ ဒဏ်ရာအခြေအနေပေါ် မူတည်၍ လိုအပ်လာလျှင် အာမခံ ကြေးငွေ ထပ်မံပေးသွားမည်ဖြစ် သည်။

ဆက်လက်၍ သေဆုံးသူ ရှစ်ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁ ဦးတို့ကို ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းမှ ဦးဇော်ဇော် နှင့်အဖွဲ့သည် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်ငါးသိန်းနှင့် ထိခိုက်ဒဏ်ရာ ရရှိ၍ ဒဏ်ရာပြင်းထန်သူတစ်ဦး လျှင် ငွေကျပ်တစ်သိန်း၊ ဒဏ်ရာ နည်းပါး သက်သာသူတစ်ဦးလျှင် ငွေကျပ်ငါးသောင်းစီ ထောက်ပံ့ပေး ခဲ့သည်။

 မြင့်ဦး-ဖြူး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-လားရှိုး ရွှေလီဦးမှန်လုံယာဉ်တိမ်းမှောက်ရာတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အာမခံကြေးပေးအပ်  ရန်ကုန်-လားရှိုး ရွှေလီဦးမှန်လုံယာဉ်တိမ်းမှောက်ရာတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အာမခံကြေးပေးအပ် Reviewed by သစ်ထူးလွင် on 03:08 Rating: 5
Powered by Blogger.