မြန်မာနိုင်ငံက " ရိုဟင်ဂျာ " ဟူသော အသုံးအနှုန်းကို ဆက်လက်ပယ်ချ ယင်းဖန်တီးတီထွင်ထားသည့် အသုံးအနှုန်းကို မြန်မာပြည်သူများက အသိအမှတ်မပြု

 သတင်းထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ လုပ်ငန်း တာဝန်အပါ အဝင် နိုင်ငံတစ်နိုင်ငံချင်းစီအပေါ် သီးခြားရွေးချယ်၍ ဆောင်ရွက်သည့် လုပ်ငန်းတာဝန်မျိုးသည် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရာတွင် စစ်မှန်သော ဆွေးနွေးမှုနှင့် အပြုသဘောထိတွေ့မှုများအတွက် ပတ်ဝန်းကျင်ကောင်း တစ်ရပ် ဖန်တီးပေးနိုင်ခြင်းမရှိသဖြင့် ယင်းလုပ်ငန်းတာဝန်များကို မြန်မာနိုင်ငံကမူအားဖြင့် အစဉ်တစိုက်ဆန့်ကျင် ပယ်ချပါသည်။ နိုင်ငံတိုင်း၏လူ့အခွင့်အရေးအခြေအနေကို စဉ်းစားသုံးသပ်လျက် တိုးတက်အောင်ဆောင်ရွက်ရေး ၌ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးအခြေအနေများကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်သည်သာ ယုံကြည်စိတ်ချ ထိုက်သလို လက်ခံဆောင်ရွက်ရန်လည်း အငြင်းပွားမှုမရှိကြဘဲ တန်းတူရည်တူဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ် အဖြစ် လေးလေးနက်နက်ယုံကြည်ပါသည်။

၂။ မြန်မာနိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံသည့် စိတ်ရင်း စေတနာကောင်းဖြင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူအဆက်ဆက်ကို ဖိတ်ကြားလက်ခံလျက်ရှိပါသည်။

၃။ ယင်းစိတ်အခြေခံဖြင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီအား မြန်မာနိုင်ငံသို့ တတိယအကြိမ်အဖြစ် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ငါးရက်တာ လာရောက်ရန် ဖိတ်ကြားလက်ခံခဲ့ပါသည်။ ခရီးစဉ်ကာလနှင့် နေရာများသည် မစ္စယန်ဟီလီဘက်မှလုံခြုံရေးနှင့်စပ်လျဉ်း၍စိုးရိမ်မှုအပေါ် ချိန်ဆစီစဉ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် လာရောက်ခဲ့သည့် မစ္စယန်ဟီလီ၏ ဒုတိယအကြိမ်ခရီးစဉ်အပြီး ၄င်း၏ထင်မြင်ယူဆချက်များအပေါ် ပြည်သူလူထုက သဘောမတူညီမှုများရှိခဲ့သည့် အချက်ကိုလည်း အလေးထား ထည့်သွင်းစဉ်းစားခဲ့ပါသည်။

၎။ အထူးအစီရင်ခံစာတင်သွင်းသူသည် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာခြင်းခံရသည့် ဒေသများတွင် ပါဝင်သည့် ပြည်နယ်တစ်ခုသို့ ရာသီဥတုအခြေအနေဆိုးရွားသဖြင့် သွား ရောက်နိုင်ခဲ့ခြင်းမရှိပါ။ အဆင့်မြင့်အရာရှိကြီးများသည် ရေဘေးသင့်ဒေသ များတွင် သဘာဝဘေးအန္တရာယ် တုံ့ပြန်စီမံခန့်ခွဲမှုများ ဆောင်ရွက်နေရ သဖြင့် နေပြည်တော်တွင် မစ္စယန်ဟီလီမေတ္တာရပ်ခံသော တွေ့ဆုံမှုအချို့ကို စီစဉ်ပေးနိုင်ခဲ့ခြင်းမရှိပါ။

၅။ အထူးအစီရင်ခံစာတင်သွင်းသူက အစိုးရ၊ သက်ဆိုင်သူအားလုံးနှင့် ပွင့်လင်းစွာနှင့် အပြုသဘော ထိတွေ့ဆောင်ရွက်ရန် ကတိပြုသည်ကို မြန်မာနိုင်ငံကကောင်းမွန်စွာ မှတ်သားခဲ့ပါသည်။ မတူညီသောသဘောထားအမြင်များကိုသိရှိရန် အထူးအစီရင်ခံစာတင်သွင်းသူ၏ ကြိုးပမ်းအားထုတ် မှုများကို တွေ့ရှိရသဖြင့်လည်း အားရကျေနပ်ပါသည်။ သို့ရာတွင် အထူးအစီရင် ခံစာတင်သွင်းသူ၏ ခရီးစဉ်အပြီးပြောကြားချက်များတွင် အမှန်တရားနှင့် အချက်အလက်များထက် စွပ်စွဲချက်များနှင့် မှန်းဆပြောကြားချက်များ ကျယ်ပြန့်စွာပါဝင်သဖြင့် သတင်းအရင်းအမြစ်များကို မတူညီသောနေရာများမှ တိုးတက်ရယူရေးနှင့် ပိုမိုပြည့်စုံစွာရရှိအောင် ဆောင်ရွက်ရန် အထူးအစီရင် ခံစာတင်သွင်းသူအား မြန်မာနိုင်ငံက တိုက်တွန်းအားပေးပါသည်။

၆။ ရွေးကောက်ပွဲများတွင် မဲပေးရေးကဲ့သို့နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးလုပ်ငန်း စဉ်တွင်ပါဝင်ခွင့်မှာ ၄င်းနိုင်ငံသားများ၏ အခွင့်အရေးဖြစ်ပါသည်။ မြန်မာနိုင်ငံသားဖြစ်လိုသူများသည် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားနိုင်ပြီး၊ ၄င်းတို့အတွက် ကန့်သတ်တားမြစ်ထားခြင်း မရှိပါ။

၇။ မြန်မာနိုင်ငံက ''ရိုဟင်ဂျာ'' ဟူသောအသုံးအနှုန်းကို ဆက်လက် ပယ်ချပါသည်။ ယင်းဖန်တီးတီထွင်ထားသည့် အသုံးအနှုန်းကို မြန်မာပြည်သူ များက အသိအမှတ်မပြုပါ။

၈။ ခေတ်သစ်မြန်မာနိုင်ငံ၏ အထင်ရှားဆုံးတိုးတက်မှုများတွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်တို့ နှင့်ပတ်သက်သည့် နယ်ပယ်လည်း ပါဝင်ပါသည်။ ယင်းအခွင့်အရေးများကို ငြိမ်းချမ်းစွာကျင့်သုံးရုံမျှဖြင့် မည်သူမျှဖမ်းဆီးခံရခြင်း သို့မဟုတ် တရားစွဲဆို ခံရခြင်းမရှိပါ။

၉။ ရေကြည်ရာ မြက်နုရာ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှ ဒေသတွင်း တရားမဝင်ရွှေ့ပြောင်းသွားလာမှုများကို ဖြစ်ပေါ်စေပြီး၊ နစ်နာသူ များသည် လူမှောင်ခိုကူးမှုနှင့်လူကုန်ကူးမှုကွန်ရက်များ၏အမြတ်ထုတ်ခြင်း ခံကြရသည်။ ဒေသတွင်း မူရင်း၊ ကြားခံနှင့်ဦးတည်ရာနိုင်ငံများသည် ယင်း ကိစ္စကို ဖြေရှင်းရန်တိုးတက်ကြိုးပမ်းလျက်ရှိသည်။ လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံကာ နိုင်ငံတကာအသိုက်အဝန်းအတွင်း တာဝန် သိ နိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် လူကုန်ကူးခံရသူများကို ကယ်ဆယ်ခြင်း၊ ယာယီ အမိုးအကာပေးခြင်းနှင့် အကူအညီပေးခြင်းများကို မိမိနိုင်ငံ၏ ကိုယ်ပိုင်အရင်းအမြစ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။ ရာချီသည့် လှေစီးသွားလာသူများအား ပြန်လည်ပို့ဆောင်ခြင်းကို ပင်ရင်းနိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

၁ဝ။ အထူးအစီရင်ခံစာတင်သွင်းသူသည် အနာဂတ်တွင်ခွဲခြားရွေးချယ်မှုနှင့်ဘက်လိုက်မှုမရှိဘဲ မြန်မာနိုင်ငံသားအားလုံး၏ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအတွက် မျှတသော အစီရင်ခံစာတစ်စောင်ရေးသား လိမ့်မည်ဟု မျှော်လင့်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မြန်မာနိုင်ငံက " ရိုဟင်ဂျာ " ဟူသော အသုံးအနှုန်းကို ဆက်လက်ပယ်ချ ယင်းဖန်တီးတီထွင်ထားသည့် အသုံးအနှုန်းကို မြန်မာပြည်သူများက အသိအမှတ်မပြု   မြန်မာနိုင်ငံက " ရိုဟင်ဂျာ " ဟူသော အသုံးအနှုန်းကို ဆက်လက်ပယ်ချ ယင်းဖန်တီးတီထွင်ထားသည့် အသုံးအနှုန်းကို မြန်မာပြည်သူများက အသိအမှတ်မပြု Reviewed by သစ်ထူးလွင် on 03:08 Rating: 5
Powered by Blogger.