ပုံ - ရေနစ်မြုပ်နေသည့် ကလေးမြို့ကို ဝေဟင်မှ မြင်တွေ့ရပုံ။ Photo - Zaw Zaw Htun |
လက်ရှိ မြန်မာနိုင်ငံ၏ရေဘေးဒုက္ခသည် ကြိုတင်တားဆီးကာကွယ်၍မရနိုင်သော သဘာဝဘေးအန္တရာယ် ဟုတ်မဟုတ်ကို မိုးဇလပညာရှင် ဦးထွန်းလွင်ထံ ဆက်သွယ်မေးမြန်းခဲ့သည်။
“ရေကြီးတာကို တားလို့မရဘူး။ မဖြစ်အောင်တော့ တားလို့ရတယ်။ အင်္ဂလိပ်လိုကတော့ ရှင်းတယ်။ Hazard နဲ့ Disaster ရယ်လို့ရှိတယ်။ Hazard က တားလို့မရဘူး။ Disaster က တားလို့ရတယ်။ မုန်းတိုင်းဖြစ်တာ၊ မီးလောင်တာ ဘာပဲဖြစ်ဖြစ် Hazard လို့ခေါ်တယ်။ Hazard ဖြစ်တဲ့အခါမှာ လူမသေအောင်လို့ ကာကွယ်လို့ရတယ်။ မကာကွယ်နိုင်ရင် Disaster ဖြစ်ပြီ။ ဒီသဘာဝဘေးကို ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှုနဲ့ အန္တရာယ်ဖြစ်လာမယ့် အလားအလာကို လျော့ချလို့ရတယ်။ အဲဒီလိုလျော့ချတဲ့အလုပ်ကို သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးလို့ခေါ်တယ်။ အဲဒါ လျော့ချလိုက်ရင် Disaster မဖြစ်တော့ဘူး။ ကြိုတင်ကာကွယ်လို့ မရဘူးဆိုရင် အကုန်သေကုန်မှာပေါ့။ ဘင်္ဂလားဒေ့ရှ်တောင် ကျွန်တော်တို့လောက် မခံရတော့ဘူး”ဟု ၎င်းက ပြောသည်။
ဇူလိုင်လ ဒုတိယပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် ရေကြီးနစ်မြုပ်မှု၊ မြေပြိုမှု၊ အိုးအိမ်များ ပြိုကျပျက်စီးမှု၊ လယ်ယာမြေများ ရေနစ်မြုပ်မှု၊ ကျွဲနွားတိရစ္ဆာန်များနှင့် ပြည်သူ အများအပြား အသက် အိုးအိမ်စည်းစိမ် ဥစ္စာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြသည်။
မိုးကောင်းမြို့နယ်၊ ကောလင်း၊ ဝန်းသိုမြို့နယ်၊ ကလေးမြို့နယ်၊ ချင်းပြည်နယ်မှ မြို့နယ်အများစု၊ ရခိုင်ပြည်နယ်မှ မြို့နယ်အများစုနှင့် မကွေးတိုင်းဒေသကြီးမှ ပွင့်ဖြူနှင့် စလင်းမြို့နယ်တို့သည် ရေဘေးဒဏ်အခံရဆုံးနေရာဒေသများဖြစ်ကြပြီး လက်ရှိအချိန်အထိ သေဆုံးသူ ၆၉ ဦးရှိကြောင်း တရားဝင်သတင်းများအရ သိရသည်။ ယင်းအပြင် လယ်မြေဧက ၈ သိန်းကျော် ရေနစ်မြုပ်သွားခဲ့ရကြောင်းလည်း သိရသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မြန်မာရေးဘေးကပ်နှင့်ပတ်သက်၍ ‘သဘာဝဘေးအန္တရာယ်သည် တားဆီး၍မရနိုင်’ဟု သမ္မတကြီးဦးသိန်းစိန်ပြော
Reviewed by သစ်ထူးလွင်
on
16:42
Rating: