တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်သူမရှိဟု သမ္မတဦးသိန်းစိန်ပြောဆိုသည်မှာ အာဏာကို လက်မလွတ်နိုင်၍ ဆင်ခြေပေးနေခြင်းသာဖြစ်ဟု ဝေဖန်မှုများရှိနေ


  နိုင်ငံတော်သမ်္မတဦးသိန်းစိန်သည် လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲများ အလွန် ၂၀၁၆ ခုနှစ်အစောပိုင်း လက်ရှိသက်တမ်း ကုန်ဆုံးချိန်အထိ ၎င်းရည်မှန်းသည့် ပြုပြင်ပြောင်းလဲ ရေးအစီအစဉ်ကို ဆက်လက်အကောင်အထည် ဖော်သွားရန် ရည်ရွယ်ထားကြောင်းနှင့် လက်ရှိသက်တမ်းပြီးလျှင် အနားယူတော့မည်ဟု အစောပိုင်းက ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူက လိုလားလျှင် ဒုတိယသက်တမ်း ဆက်လက်တာဝန် ထမ်းဆောင်မည်ဟု မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ ဇူလိုင် ၂၉ ရက် တွေ့ဆုံသည့် Asian Review အင်တာဗျူးတွင် ယခင်ပြောဆိုခဲ့သည့် သဘောထားကို ပြောင်းလဲပြီး ဒုတိယအကြိမ် သမ္မတသက်တမ်းကို ထမ်းဆောင်ရန် ဆန်္ဒရှိကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

လွှတ်တော်တွင်းတွင် သူရဦးရွှေမန်း၊ ဦးခင်အောင်မြင့်နှင့် အတိုက်အခံပါတီ NLD မှ ဒေါ်အောင်ဆန်းစုကြည် တို့သည် အသက် ၆၀ ကျော်အရွယ် လူကြီးပိုင်းများ ဖြစ်နေကြသည်ကို သျိက်နှင့်ပင် နိုင်ငံကို လမ်းကြောင်းမှန်အောင် တည့်မတ်ပေးနိုင်သည့် လူငယ်များ နည်းလွန်းသည့်အတွက် ၎င်းင်းအနေဖြင့် ဒုတိယသက်တမ်းကို တာဝန်ယူလိုခြင်းဖြစ်ကြောင်း အဆိုပါအင်တာဗျူးတွင် ပြောဆိုခဲ့သည်။

“ကျွန်တော့်အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကျွန်တော် အနားယူချင်ပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့နိုင်ငံမှာ တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင် တည့်မတ်ပေးနိုင်တဲ့ လူငယ်နဲ့ လူလတ်ပိုင်း အရွယ်တွေ အင်မတန်ပဲနည်းပါးပါတယ်” ဟု သမ်္မတဦးသိန်းစိန်က ပြောဆိုခဲ့သည်။

သမ်္မတဖြစ်လိုပါက ရွေးကောက်ပွဲဝင်ရန်ပင် မလိုဟု အဆိုပါအင်တာဗျူးတွင် ဖြေကြားခဲ့ခြင်းနှင့် ပတ်သက်၍ သမ်္မတဦးသိန်းစိန်သည် ယခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူစိတ်ချ ယုံကြည်အပ်နှင်းလိုက်သည့် လွှတ်တော်အမတ်များက ရွေးချယ်ပေးရမည့် သမ္မတရာထူးကိုပင် မစောင့်နိုင်သူဟု NLD အဖွဲ့ဝင်တစ်ဦးကဆိုသည်။ “သူက သမ္မတကို ပြည်သူရွေးရတာ မဟုတ်ဘူး၊ အမတ်တွေရွေးရမှာဆိုပြီး ပြောနေသေးတယ်။ သမ္မတနေရာ သေချာနေရအောင် သူ့ပါတီ မဲအများဆုံးရဖို့ တစ်ခုတည်းကို ကြည့်တာမဖြစ်နိုင်ဘူး။ စစ်သား ၂၅ ရာခိုင်နှုန်း အားကိုးနဲ့ သူ့ကိုယ်သူ သမ္မတဖြစ်အောင်လုပ်မှာ၊ ၂၅ ရာခိုင်နှုန်းက သူ့အတွက် ဆိုတာသေချာနေပြီ။ သူပြောနေကျဖြစ်တဲ့ ပြည်သူတောင်းဆိုရင် ပြည်သူဆန္ဒရှိရင် ဆိုတာတွေနဲ့ တကယ်တမ်း သူကသမ္မတနေရာက မဆင်းချင်တော့ တာဖြစ်မှာပါ” ဟုဆိုသည်။

သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသည့် ၄ ပွင့်ဆိုင် ဆွေးနွေးရေးကိုလည်း ငြင်းပယ်ခဲ့ပြီး လွှတ်တော်တွင်းမှ တောင်းဆိုထားသည့် ၆ ပွင့်ဆိုင် တွေ့ဆုံရေးကို တစ်ခါသာ တွေ့ဆုံခဲ့ပြီး နောက်တစ်ကြိမ် တွေ့ဆုံရေးအတွက် အချိန်ဆွဲနေခဲ့သူဖြစ်ကြောင်း နိုင်ငံကိုတိုးတက် တည်ငြိမ်အောင် တည့်မတ်ပေးနိုင်သူသည် မြန်မာနိုင်ငံတွင် ဦးသိန်းစိန်တစ်ဦးတည်းရှိသည် မဟုတ်ကြောင်း၊ သက်သက်ဆင်ခြေပေးခြင်းသာဖြစ်ကြောင်း မြန်မာနိုင်ငံရေးကျွမ်းကျင်သူ တစ်ဦးကသုံးသပ်ပြောဆိုသည်။

“တကယ်တော့ ပြည်သူလူထုဆန္ဒပေါ် မူတည်ပြီး သမ္မတ ပြန်လုပ်ချင်တယ်သာ ပြောတယ်၊ ပြည်သူ့ဆန္ဒကိုတောင်မစောင့်နိုင်ဘူး၊ ခေါ်သလား ခေါ်သလားဆိုပြီး စကားခေါ်နေတာ ပြည့်သူဆန္ဒ ဘယ်လိုလဲ ရွေးကောက်ပွဲရလဒ် ဘယ်လိုမှန်းတောင် မသိသေးဘူး” ဟု အဆိုပါအင်တာဗျုးတွင် နိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေများနှင့် ပြည်သူလူထု၏ ဆန္ဒ အပေါ်တွင်မူတည်ကာ သမ္မတတာဝန် ဆက်လက် ထမ်းဆောင်မည်ဆိုသော သမ္မတဦးသိန်းစိန်၏ ဖြေကြားချက်နှင့်ပတ်သက်၍ တိုင်းရင်းသားပါတီအမတ်တစ်ဦးက ဝေဖန်ပြောဆိုသည်။

မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies
တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်သူမရှိဟု သမ္မတဦးသိန်းစိန်ပြောဆိုသည်မှာ အာဏာကို လက်မလွတ်နိုင်၍ ဆင်ခြေပေးနေခြင်းသာဖြစ်ဟု ဝေဖန်မှုများရှိနေ   တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် တည့်မတ်ပေးနိုင်သူမရှိဟု သမ္မတဦးသိန်းစိန်ပြောဆိုသည်မှာ အာဏာကို လက်မလွတ်နိုင်၍ ဆင်ခြေပေးနေခြင်းသာဖြစ်ဟု ဝေဖန်မှုများရှိနေ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.