ကလေးမြို့  ယူနိုက်တက် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား


 ကလေး၊ သြဂုတ် ၂

 စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ပင်လုံရပ်ကွက် လေယာဉ်ပြေးလမ်းအရှေ့ဘက် ဒကစ လမ်းကွေ့ တွင် ရှိသော ယူနိုက်တက်စက်သုံးဆီဆိုင်သည် ၂-၈-၂၀၁၅ ရက် နေ့ ညနေ (၄း၃၀)အချိန် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဓါတ်ဆီဆိုင်တစ်ခုလုံးနှင့် သုခကမ္ဘာခန်းမ နှင့် စားသောက်ဆိုင်၊ယုန်စန္ဒာ စားသောက်ဆိုင်တို့ ပါမီးများကူးစက်လောင်ကျွမ်းခဲ့သည်။


အဆိုပါမီးလောင်ရာသို့ အစိုးရမီးသတ် ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ(၄း၅၀)အချိန်တွင် မီးလောင်မှုကိုထိန်းသိမ်းနိုင်ခဲ့ပြီးကျန် ရှိနေသည့်မီးများကိုဆက်လက်ငြိမ်းသတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ကလေးခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကလေးမြို့  ယူနိုက်တက် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား  ကလေးမြို့  ယူနိုက်တက် စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.