ကြည့်မြင်တိုင် သီတာလမ်း၌ မီးလောင်


  ရန်ကုန် သြဂုတ် ၁၄

  သြဂုတ် ၁၄ ရက် မွန်းလွဲ ၁၂ နာရီမိနစ် ၂ဝ ခန့်က ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက် သီတာလမ်းတိုက် အမှတ် ၆ဝ သုံးခန်းတွဲရှစ်လွှာ A ခေါင်းရင်း ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မြို့နယ်စုံမှ မီးငြှိမ်းသတ်ရေးယာဉ်အစီး ၂ဝကျော် နှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ အများအပြားရောက်ရှိ လာခဲ့ကြသည်။ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ အဆိုအရ အဆင့်နှစ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသော်ဒါ က '' ကျွန်တော်တို့ မီးသတင်းကို မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်လောက်မှာ စရတယ်''အုပ်ချုပ်မှုယာဉ်လေးစီး အထောက်အကူပြုယာဉ် ငါးစီးနဲ့အတူ မီးငြိမ်းသတ် ရေယာဉ် ၂၃ စီးလာခဲ့ပါတယ်'' ဟုဆိုသည်။

မီးကရှစ်ထပ်တိုက် ညာအစွန်ခန်း၌ လောင်ခဲ့ သည့်အတွက် မီးသတ်တပ်ဖွဲ့ဝင်များက ဘေးကပ်လျက် တိုက်အပေါ်ထပ်မှလည်းကောင်း၊ မီးလောင်သည့် တိုက်ခန်းအတွင်း မီးခိုးများကြားမှလည်းကောင်း ဝင်ရောက်ငြှိမ်းသတ်မှုကြောင့် နာရီဝက်အတွင်း မီးငြိမ်း သွားခဲ့သည်။

မီးမှာ မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝတွင် စတင် လောင်ခဲ့ပြီး မွန်းလွဲ ၁၂နာရီမိနစ် ၅ဝ တွင် မီးလောင်အား ကို ထိန်းပေးနိုင်ခဲ့၍ ၁၂နာရီ ၅၁ မိနစ်တွင်အပြီးသတ် ငြှိမ်းပေးနိုင်ခဲ့သည်။

မီးလောင်ရခြင်းနှင့် ပတ်သက်၍ အိမ်ရှင်ဇနီး မောင်နှံ၏ ပြောပြချက်အရ သံခုတင်အနီးတွင် ခြင်ဆေး ထွန်းထားရာမှ ယင်းအပေါ်အဝတ်စကျ၍ စတင်လောင် ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ မေးမြန်းမှုအပေါ် ပြောကြားရာ သိရသည်။

မီးလောင်မှုကြောင့် ဦးသန်းထွန်း (၃၈နှစ်)ကို ကြည့်မြင်တိုင်မြို့မရဲစခန်းကအမှုဖွင့်ဆောင်ရွက်ထား ကြောင်းသိရသည်။

 တင်ဝင်းလေး( ကြည့်မြင်တိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကြည့်မြင်တိုင် သီတာလမ်း၌ မီးလောင်   ကြည့်မြင်တိုင် သီတာလမ်း၌ မီးလောင် Reviewed by သစ်ထူးလွင် on 03:42 Rating: 5
Powered by Blogger.