အောင်မြေသာစံ မြို့နယ်၌ မီးလောင်မှုဖြစ်ပွား


မန္တလေး သြဂုတ် ၁၄

မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ် (၈၂)လမ်းနှင့် (၈၃)လမ်းကြား၊ (၁၈)လမ်းနှင့်(၁၉)လမ်းကြားရှိ ကျီဝင်း ရပ်တွင် ယနေ့ ညနေ ၅ နာရီခွဲက အဲကူလာ အပူလွန်ကဲခြင်းကြောင့် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

အဆိုပါမီးမှာ ကျီဝင်းရပ်ကွက် အမှတ်(၁၄၄)တွင် နေထိုင်သူ ဒေါ်ခင်နွယ်ရင်၏ နေအိမ်မှစတင် လောင်ခြင်းဖြစ်ပြီး အိမ်ခြေ လေးလုံး ၏ အပေါ်ထပ်ခြမ်း မီးလောင်ဆုံးရှုံး ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ဝ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝ တို့က အုပ်ချုပ်မှုယာဉ်နှစ်စီး၊ မီးသတ်ယာဉ် အစီး ၄ဝ ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ မိနစ် ၅ဝ တွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။

မီးလောင်မှုကို အမှတ်(၅) ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင် ရွက်ထားကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
အောင်မြေသာစံ မြို့နယ်၌ မီးလောင်မှုဖြစ်ပွား  အောင်မြေသာစံ မြို့နယ်၌ မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 03:42 Rating: 5
Powered by Blogger.