ကိုးကန့်နှင့် တအောင်း-ပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရေဘေးအတွက် လှူ ဒါန်း


 နိုင်ငံတွင်း သြဇာအရှိန်အ၀ါကြီးမားသူ သီတဂူဆရာတော်ဘုရား ဖွဲ့စည်းလိုက်သည့် ရေဘေးကယ်ဆယ်ရေးကော်မတီသို့ ကိုးကန့်နှင့် ပလောင်တိုင်းရင်းသားလက်နက်ကိုင်မှ ငွေကျပ် ၈၀ သန်း ပေးပို့ လှူဒါန်းကြောင်း သတင်းရရှိသည်။


မကြာသေးမီက မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ထံမှ လှူဒါန်းငွေ ကျပ် ၅၀ သန်းနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထံမှာ ကျပ် ၃၀ သန်းတို့ကို လက်ခံရရှိခဲ့သည်ဟု ကော်မတီက ပြောကြားခဲ့သည်။


ရေလွှမ်းမိုးမှုဘေးဒဏ်ကို ကျယ်ပြန့်မှုကို သိလျှင်သိချင်း ကယ်ဆယ်ရေး ကြိုးပမ်းနေမှုများ အထောက်အကူပြုရေးအတွက် သြဂုတ် ၂ ရက်နေ့တွင်
သီတဂူဆရာတော် အရှင်ဉာဏိဿရက ကော်မတီကို ဖွဲ့စည်းပေးလိုက်ခြင်းဖြစ်သည်။

”အစပိုင်းမှာတော့ ရေလွှမ်းမိုးမှု ဆိုးရွားလာလိမ့်မယ်လို့ ဦးဉ္ဇင်းမထင်မိခဲ့ဘူး။ သိပ်လည်း ဂရုမပြုမိခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်း အန္တရယ်တွေက ပိုပိုကြီး လာတယ်။” ဟု အဆိုပါ ရေဘေးကယ်ဆယ်ရေး ကော်မတီဝင် အရှင်ကောဝိဒ သီရိက ပြောကြားထားသည်။

သီတဂူရေဘေးကယ်ဆယ်ရေးက်ေမတီအနေဖြင့် ငွေကျပ်သိန်း ၃၂၅၀ ထက်မနည်း မတည်ပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။

PKT
The Ladies News Journal
https://www.facebook.com/News.TheLadies
ကိုးကန့်နှင့် တအောင်း-ပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရေဘေးအတွက် လှူ ဒါန်း  ကိုးကန့်နှင့် တအောင်း-ပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ရေဘေးအတွက် လှူ ဒါန်း Reviewed by သစ်ထူးလွင် on 21:06 Rating: 5
Powered by Blogger.