စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်လိုက်ပြီး ၃ ဦးသေ၊ ၁၄ ဦးဆေးရုံရောက်

(မဟာဓာတ်အားလိုင်း တာဝါတိုင်တစ်ခုကို ရခိုင်တွင် တွေ့ရစဉ်။ photo by Narinjara)
 စစ်တွေ၊ သြဂုတ် ၁၅

 ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဦးဥတ္တမလမ်းတွင် လျှပ်စစ် ဓာတ်လိုက်ရာမှ လူ ၃ ဦးသေဆုံးပြီး ၁၄ ဦးကို ဆေးရုံတင်လိုက်ရကြောင်း စစ်တွေရဲမှ အတည်ပြု ပြောကြားသည်။

လျှပ်စစ် ထရန်စဖိုအနီး သံဖြင့် ပြုလုပ်ထားသော ဆိုင်းဘုတ်တစ်ခုကို ထောင်ရာမှာ ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း ရဲအုပ်ခင်မောင်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူများမှာ သက်စိုး (၂၅ )၊ ဟန်ထွန်း (၃၁) နှင့် သက်ဖြိုးမောင် ( ၃၀) နှစ် တို့ ဖြစ်ကြောင်း ရဲအုပ်က အတည်ပြု ပြောကြားသည်။

“ အန္တရာယ်ရှိတဲ့ အလုပ်တွေကို ပေါလျော့စွာ လုပ်တာပေါ့။ သံနဲ့ လုပ်ထားတဲ့ ဆိုင်းဘုတ်ကို ထရန်းစဖော်မာအနီးမှာ သွားထောင်တော့ လျှပ်စစ်လိုက်ပြီး သေဆုံးတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

မကျွမ်းကျင်သော လုပ်သားများကို စေခိုင်းမှုဖြင့် တာဝန်ရှိသူများကို အရေးယူထားကြောင်း သူက ဆက်လက် ပြောဆိုသည်။

လူသာကျော် (ရခိုင်)
Arakan State
https://www.facebook.com/NarinjaraNews
စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်လိုက်ပြီး ၃ ဦးသေ၊ ၁၄ ဦးဆေးရုံရောက်  စစ်တွေမြို့တွင် လျှပ်စစ်ဓာတ်လိုက်ပြီး ၃ ဦးသေ၊ ၁၄ ဦးဆေးရုံရောက် Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.