အင်ဒိုနီးရှား နိုင်ငံ မှ ခရီးသည် ၅၄ ဦးလိုက်ပါ သွားသည့် လေယာဉ် တစ်စင်း ဆက်သွယ်မှု ပြတ်တောက်၍ ပျောက်ဆုံးနေ

“Trigana” လေကြောင်းလိုင်း မှ ATR 42 လေယာဉ် တစ်စင်း အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဂျာကာတာ ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

    အင်ဒိုနီးရှား နိုင်ငံ အမျိုးသား ရှာဖွေကယ်ဆယ်ရေး ဗဟို ဌာန မှ သြဂုတ်လ ၁၆ ရက်နေ့တွင် အင်ဒိုနီးရှား နိုင်ငံ ပြည်တွင်း လေကြောင်း လိုင်းတစ်ခု မှ ခရီးသည် ၅၄ ဦးလိုက်ပါ သွားသည့် လေယာဉ် တစ်စင်းသည် Papua ပြည်နယ်တွင် မြေပြင် နှင့် ဆက်သွယ်မှု ပြတ်တောက် သွားကြောင်း ထုတ်ပြန်ခဲ့သည်။

    ရှာဖွေကယ်ဆယ်ရေး ဌာန မှ ၄င်းလေယာဉ် သည် “Trigana”  လေကြောင်းလိုင်း မှ ATR 42 လေယာဉ် အမျိုးအစား ဖြစ်ပြီး အခင်းဖြစ်ပွား စဉ်တွင် လေယာဉ် ပေါ်၌ လူကြီး ၄၄ ဦး ၊ ကလေးငယ် ၅ ဦး နှင့် လေယာဉ် ဝန်ထမ်း ၅ ဦးတို့ လိုက်ပါသွားကြောင်း ပြောကြားခဲ့သည်။

    ထိုလေယာဉ်သည် ဒေသ စံတော်ချိန် နေ့လည် ၃း၀၀ နာရီ ခန့်တွင် မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်တွင်  လေယာဉ်သည် ခရီးစဉ် အမှတ် IL-267 ဖြင့် အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်း Papua ပြည်နယ် ၏ မြို့တော် Jayapura မှ Oksibil မြို့သို့ သွားနေချိန် ဖြစ်ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com

အင်ဒိုနီးရှား နိုင်ငံ မှ ခရီးသည် ၅၄ ဦးလိုက်ပါ သွားသည့် လေယာဉ် တစ်စင်း ဆက်သွယ်မှု ပြတ်တောက်၍ ပျောက်ဆုံးနေ   အင်ဒိုနီးရှား နိုင်ငံ မှ ခရီးသည် ၅၄ ဦးလိုက်ပါ သွားသည့် လေယာဉ် တစ်စင်း ဆက်သွယ်မှု ပြတ်တောက်၍ ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 18:32 Rating: 5
Powered by Blogger.