သံလွင်မြစ်ရေကာတာ စီမံကိန်းရပ်တန့်ရေး လက်မှတ် ၂ သောင်းကျော်ြ ဖင့် သြစတေးလျ ကောင်စစ်ဝန်ရုံးသို့ သျှမ်းလူငယ်များ သွားတောင်းဆို

ဓါတ်ပုံ- SMEC ကုမ္မဏီသို့ ASSR မှကန့်ကွက်စာသွားပေးပို့စဉ်
သြဂတ်စ် ၂၅ ရက် ၂၀၁၅

သံလွင်မြစ်ပေါ်ရေကာတာ တောက်ဆောက်ရေး စီမံကိန်း အတွက် စစ်တမ်းေ ကာက်ယူမှုရပ်တန့်ရေး၊ သံလွင်မြစ်ပေါ် ရေကာတာ တည်ဆောက်မှုရပ်တန့်ေ ရးအတွက် ပြည်တွင်းပြည်ပနေ သျှမ်းပြည်သား နှစ်သောင်းကျော်ရေးထိုး ထား သည့် လက်မှတ်များအား သြစတေးလျ ကောင်စစ်ဝန်ရုံးသို့ ASSR မှ လူငယ် များ သွားရောက်ပေးအပ် လိုက်ကြောင်း သိရသည်။


ပြည်တွင်းပြည်ပ သျှမ်းလူထု ရေးထိုးထားသော လက်မှတ် ၂ သောင်းကျော်၏ မိတ္တူများကို Action for Shan State Rivers အဖွဲ့က ဦးဆောင်ပြီး ရန်ကုန် အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံကောင်စစ်ဝန်ရုံးမှ တဆင့် သံလွင်မြစ်တည်ဆောက်ရေးအတွက် စစ်တမ်းကောက်ယူသည့် သြစတေး လျနိုင်ငံအခြေစိုက် SMEC ကုမဏီ ထံသို့ ပေးပို့ခြင်းဖြစ် ကြောင်းသိရသည်။

SMEC ကနေ ၂၆ ရက်နေ့ကျရင် အစီရင်ခံစာ တင်တော့မှာဖြစ်တဲ့ အတွက် ဒေသခံလူထုရဲ့ဆန္ဒ သဘောထားတွေ ပါသွားအောင်လို့ပါ - ဟု မြန်မာနိုင်ငံမြစ်ချောင်းအင်းအိုင်များ စောင့်ကြည့်ရေးအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်ကပြောသည်။

အဆိုပါလက်မှတ်များကို သျှမ်းပြည်နယ်အတွင်း သိန္နီ လားရှိုး သီပေါ မိန်းခေး ကွမ်းလုံ ဟိုပင် တန့်ယန်း မိုင်းရယ် မိုင်းယော် စယ်လန့် နမ့်ခမ်း မူဆယ် ကျောက်မဲ နမ့်လန် နောင်ချို နမ္မတူ ကွတ်ခိုင် တို့အပြင် ထိုင်းနိုင်ငံေ ရာက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ ပါ ရေးထိုးထားကြေ ကြာင်းဆိုပါ သည်။

အားလုံးက၀ိုင်းဝန်း ပြီးကန့်ကွက်လက်မှတ်ထိုးကြရင်တော့ ရေကာတာဆောက်ဖြစ်မှာမဟုတ်ဘူးလို့ထင်တာဘဲ။ အခုလည်း မြန်မာပြည်မှာဖြစ်နေတဲ့ ရေကြီးမှုကိုကြည့်ပါလား။ ခံရတာက လူထုလေ။ ကျမတို့လည်း မကန့်ကွက်လို့ သူတို့ရေကာတာ တကယ်ေ ဆာက်ဖြစ်မယ်ဆိုရင် အခုကြုံတွေ့နေရတဲ့အခြေအနေထက် ပိုဆိုးတဲ့ သဘာဝဘေးဆိုး ကြီးတွေ တနေ့ထပ်ကျလာမှာမလွဲပါဘူး - ဟု ပါဝင်လက် မှတ်ရေးထိုးသည့် နန်းယိင်းကပြောပါသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများ၏ လက်မှတ် များကိုစုဆောင်းနေသူ SYP အဖွဲ့မှ စိုင်းမျိုးကလည်း - သံလွင်မြစ်ဟာ သျှမ်းပြည်ထဲမှာနှစ်ရှည်လများကတည်းက နေလာခဲ့တယ်။ ဒါကြောင့် တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းသွားမယ်။ ဒီကိုရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဆိုတာကလည်း သျှမ်းပြည်သား တွေဘဲဖြစ်နေတယ်။ ဒီစီမံကိန်းအတွက်ဘဲ ၁၉၉၆-၁၉၉၈ အထိ အဲဒီတုန်းက မြို့နယ် ၁၁ မြို့နယ်က ကျေးလက်ရွာသား သိန်းဂဏန်းကို မောင်းထုတ်တယ်။ အခု ထိုင်းရောက်နေတာ သူတို့တွေ ရဲ့လက်မှတ်လဲပါဝင်တယ်။ သူတို့က ထိုင်းနိုင်ငံသားအဖြစ်ခံယူထားတာ မဟုတ်ဘူး။ ကိုယ့်နေရပ်ကို ပြန်ကြ မယ့်သူတွေချည်းဘဲ။ သံလွင်မြစ်ကြောင့်ဖြစ်လာမယ့် ဆိုးကျိုးကို ခံရမယ့်သူတွေဖြစ်တဲ့အတွက် သူတို့လည်း ပါဝင်လက်မှတ်ရေးထိုး ခွင့်ရှိတာကြောင့် သူတို့ရဲ့လက်မှတ်ကိုကောက်ယူရတာဖြစ်ပါတယ် - ဟု သျှမ်းသံတော်ဆင့်အား ပြောပြသည်။

၎င်းနှင့်ပတ်ပြီး TYN မှအဖွဲ့ဝင် စိုင်းလွယ်က - အနုပညာရှင်တွေ ပါဝင်လာေ အာင် ဆွဲဆောင်ရမယ်။ သူတို့က လူထုကို မြန်မြန်နား လည်အောင်နဲ့ များများ နားလည်အောင် လုပ်နိုင်မယ်။ လူထုကနေ ရေကာတာနဲ့ပတ်သက်တဲ့ အချက်အလက်တွေ များများနဲ့မြန်မြန် သိမှ ကျနော်တို့ရေကာတာ ဆန့်ကျင် ကန့်ကွက်တဲ့ လုပ်ငန်း မြန်မြန် အောင်မြင်မယ်လေ ဟုပြောဆိုသည်။

ကျနော်တို့ဆက်ပြီး လက်မှတ်တွေ ကောက်ယူသွားမယ်။ လက်မှတ်မ ထိုးရေ သးတဲ့သူတွေ လက်မှတ်ရေး ထိုးကြဖို့ တိုက်တွန်းတယ်။ ဘာလို့ လဲဆိုေ တာ့ ဒေသခံလူထုတွေဟာ သံလွင်မြစ်ပေါ်မှာတည်ဆောက်မယ့်ေ ရကာ တာကြောင့် ရရှိမယ့်ကောင်းကျိုး ဆိုးကျိုးတွေကို ကောင်းကောင်းနားမလည်ေ သးတာတွေရှိတယ်။စစ်တမ်းကောက်ယူနေတဲ့ SMEC ကုမ္မဏီ ကလည်း ရေ ကာ တာကြောင့် ရမယ့်ကောင်းကျိုးတွေချည်းဘဲ လူထုကိုပြောပြတယ်။ ရမယ့်ဆိုးကျိုး ကိုတော့ထိန်ချန်ထားတယ်။ ဒါကြောင့်ကျနော်တို့ဘက်က တတ်နိုင်သလောက် လူထုကို ၂ ဘက်လုံးမြင်အောင် ရှင်းပြပြီးတော့ လူထုရဲ့ဆန္ဒအစစ်အမှန်ကိုရယူသွားမယ်။ - ဟု စိုင်းခေးဆိုင်ကပြောသည်။

သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း ၆ ခု (သျှမ်းပြည်နယ်အတွင်း ၄ ခု၊ ကယားပြည်နယ် ၁ ခု နှင့် ကရင်ပြည်နယ် ၁ ခု တို့ကို မြန်မာအစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ China Three Gorges Corporation ၊ ထိုင်းနိုင်ငံမှ EGAT International နှင့် International Group of Entrepreneurs Company Ltd ( IGOEC) တို့အား ဆောက်လုပ် ခွင့်ကန်ထရိုက် ပေးထားပါသည်။

ထိုအနက် မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိလာမည့် လျှပ်စစ်ဓါတ် အား ၈၀၀၀ မီဂါဝပ် ကို ထိုင်းနိုင်ငံသို့ ၄၅ % တရုတ်နိုင်ငံသို့ ၄၅ % အား နှစ် ၄၀ ကြာရောင်းချမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ၁၀ % အတွက် သာ ပေးမ ည်ဟုဆိုပါသည်။ အဆိုပါ မိုင်းတုံရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် ဆည် တည်ဆောက်မည့် ကုန်ကျစရိတ်ငွေပမာဏ (ခန့်မှန်းခြေ) ၁၂ ဘီလီ ယံ ဒေါ်လာသည်လည်းဒေသတွင်းလူထုအတွက် အကျိုးအမြတ် မဟုတ် ဘဲ ပြည်ပမှ ဆောက်လုပ်ရေးပစ္စည်းဝယ်ရန်၊ ပြည်ပမှ အင်ဂျင်နီယာနှင့်ပ ညာရှင်များအား ငှားရမ်းရန်သာဖြစ်သည်ဟုလည်း Action for Shan State Rivers ကပြောဆိုပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

သံလွင်မြစ်ရေကာတာ စီမံကိန်းရပ်တန့်ရေး လက်မှတ် ၂ သောင်းကျော်ြ ဖင့် သြစတေးလျ ကောင်စစ်ဝန်ရုံးသို့ သျှမ်းလူငယ်များ သွားတောင်းဆို  သံလွင်မြစ်ရေကာတာ စီမံကိန်းရပ်တန့်ရေး လက်မှတ် ၂ သောင်းကျော်ြ ဖင့် သြစတေးလျ ကောင်စစ်ဝန်ရုံးသို့ သျှမ်းလူငယ်များ သွားတောင်းဆို Reviewed by THITHTOOLWIN on 02:50 Rating: 5
Powered by Blogger.