မျိုးဆက်အလိုက် IS ကို ချေမှုန်းရလိမ့်မယ်

အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Credit: Reuters) 
 IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ကို ​လွယ်လွယ်ကူကူနဲ့ ​တိုက်ဖျက်နိုင်မှာ ​မဟုတ်ဘူးလို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​သတိပေးလိုက်ပါတယ်။

ဆီးရီးယားနဲ့ ​အီရတ်နိုင်ငံအတွင်းက ​စစ်သွေးကြွတွေကို ​ဝေဟင်ကနေ ​အကြိမ်ပေါင်း ​၅၀၀၀ ​ကျော် ​တိုက်ခိုက်လာပြီ ​ဖြစ်ပေမယ့် ​IS ​အဖွဲ့ဟာ ​အရင်အတိုင်းပဲ ​ရပ်တည်နိုင်ဆဲ ​ဖြစ်ပါတယ်။

တချို့နေရာမှာ ​IS ​က ​ရှုံးနိမ့်နေပေမယ့် ​ဒီပြဿနာက ​မျိုးဆက်အလိုက် ​ဖြေရှင်းရမယ့် ​ပြဿနာဖြစ်ပြီး ​ရေတိုမှာ ​ပြီးသွားမယ့် ​ကိစ္စမဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။

စစ်အတွင်းမှာ ​အရှုံးအနိုင်ကို ​တွက်ရမှာ ​မဟုတ်ပဲ ​အစွန်းရောက်နေတဲ့ ​အတွေးအခေါ်တွေ ​ပပျောက်သွားအောင် ​လုပ်ဆောင်ရမှာ ​ဖြစ်တဲ့အတွက် ​အချိန်ယူရမှာ ​ဖြစ်တယ်လို့ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

လူတွေရဲ့ ​အတွေးအခေါ်ကို ​သေနတ်နဲ့ ​အနိုင်ယူလို့ ​မရပဲ ​ပိုကောင်းမွန်တဲ့ ​အတွေးအခေါ်တွေနဲ့သာ ​လွမ်းမိုးနိုင်မှ ​အောင်နိုင်မယ်လို့ ​ဆိုပါတယ်။

အမေရိကန်က ​အစ္စလာမ်နဲ့ ​တိုက်ပွဲဝင်နေတာ ​မဟုတ်ပဲ ​အစွန်းရောက် ​ဘာသာရေး ​အယူသည်းနေတဲ့ ​လူတွေနဲ့ ​တိုက်ပွဲဝင်ခြင်းသာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မျိုးဆက်အလိုက် IS ကို ချေမှုန်းရလိမ့်မယ်  မျိုးဆက်အလိုက် IS ကို ချေမှုန်းရလိမ့်မယ် Reviewed by သစ်ထူးလွင် on 16:39 Rating: 5
Powered by Blogger.