တကသ ခေါင်းဆောင် ကိုဇေယျာလွင်ကို ဖမ်းဆီး


 ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းမှာ ကျင်းပတဲ့ 7 July အောက်မေ့ဘွယ်အခမ်းအနား တက်ရောက်ခဲ့တဲ့ တကသခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇေယျာလွင်ကို အခမ်းအနား အပြီးအပြန် အင်းယားလမ်းက ရွှေရှမ်းကန်စားသောက်ဆိုင်ရှေ့မှာ ကားနှစ်စီးနဲ့ ပိတ်ပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကိုဇေယျာလွင်ကို ရန်ကုန်မြို့ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင် ဆန္ဒပြတာကို ဦးဆောင်ခဲ့တာကြောင့် ပန်းဘဲတန်းရဲစခန်းက ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

Photo: Aung Thain Kha/ RFA
RFA Burmese
https://www.facebook.com/pages/RFA-Burmese
တကသ ခေါင်းဆောင် ကိုဇေယျာလွင်ကို ဖမ်းဆီး  တကသ ခေါင်းဆောင် ကိုဇေယျာလွင်ကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 16:57 Rating: 5
Powered by Blogger.