IS တိုက်ခိုက်မှုမှာ တူရကီပါလာ

အစ္စတန်ဘူလ်မြို့မှာ ဘယ်ဖက်ယိမ်းတဲ့ ဆန္ဒပြသူတွေ ဆန့်ကျင် ဆန္ဒပြစဉ် (Credit: AFP) 
တူရကီ ​လုံခြုံရေးတပ်က ​အီရတ်နိုင်ငံ ​မြောက်ပိုင်းက ​Kurdistan ​Workers ​Party ​PKK ​ကို ​ဒုတိယအကြိမ် ​ဝေဟင်ကနေ ​တိုက်ခိုက်ခဲ့တယ်လို့ ​ဆိုပါတယ်။

အရင်တုန်းက ​တူရကီနိုင်ငံဟာ ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့နဲ့ ​သူပုန်တွေကို ​တိုက်ခိုက်ဖို့ ​လက်တွန့်ခဲ့ပေမယ့် ​ဒီရက်ပိုင်းအတွင်း ​IS ​အဖွဲ့ကို ​ဆန့်ကျင်တာတွေ ​လုပ်လာပါတယ်။

IS ​ကို ​တိုက်ခိုက်နေတဲ့ ​အမေရိကန်ကို ​တူရကီ ​လေတပ်စခန်းတွေ ​အသုံးပြုခွင့် ​ပေးလိုက်သလို ​PKK ​ဆိုတဲ့ ​သူပုန်အဖွဲ့ကိုလည်း ​တိုက်ခိုက်မှု ​လုပ်လိုက်ပါတယ်။

Kurdish ​PKK ​အဖွဲ့ကို ​တိုက်ခိုက်တဲ့အပေါ် ​အမေရိကန်က ​ကြိုဆိုလိုက်ပါတယ်။ ​PKK ​ဟာ ​အကြမ်းဖက် ​အဖွဲ့အစည်း ​ဖြစ်တာကြောင့် ​တူရကီအနေနဲ့ ​အကြမ်းဖက် ​အဖွဲ့အစည်းကို ​တိုက်ခိုက်ခွင့် ​ရှိသလို ​IS ​ကို ​ချေမှုန်းရေးမှာ ​ပါဝင်လာတဲ့အပေါ် ​ကြိုဆိုတယ်လို့ ​အိမ်ဖြူတော် ​ပြောခွင့်ရပုဂ္ဂိုလ် ​Ben ​Rhodes ​က ​ပြောပါတယ်။

တချို့အဖွဲ့တွေကတော့ ​Kurdish ​PKK ​အဖွဲ့ကို ​တိုက်ခိုက်နေတဲ့အပေါ် ​စိုးရိမ်မကင်းမှု ​ဖြစ်နေကြပါတယ်။

Kurdish ​တပ်ကို ​တူရကီက ​တိုက်ခိုက်တာကို ​တုန့်ပြန်တဲ့အနေနဲ့ ​Kurdish ​တပ်ကလည်း ​တူရကီ ​စစ်သား ​နှစ်ယောက်ကို ​လုပ်ကြံခဲ့ပါတယ်။

IS ​အဖွဲ့နဲ့ ​Kurdish ​သူပုန်ကို ​တိုက်ခိုက်နေတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​ဆွေးနွေးဖို့ ​နေတိုးမဟာမိတ်အဖွဲ့ကို ​တူရကီက ​ပြောဆိုထားပါတယ်။ ​နေတိုးအဖွဲ့ကလည်း ​ဆွေးနွေးဖို့ ​သဘောတူထားပါတယ်။

တူရကီနိုင်ငံမှာ ​အကြမ်းဖက်မှုတွေ၊ ​ဆန့်ကျင် ​ဆန္ဒပြမှုတွေ ​များလာတဲ့နောက်ပိုင်း ​အခုလို ​တိုက်ခိုက်မှုတွေ ​လုပ်လိုက်တာ ​ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ ​အစိုးရက ​နိုင်ငံရေး ​အကျိုးအမြတ်အတွက် ​တိုက်ခိုက်မှုလုပ်နေတာ ​ဖြစ်ပြီး ​ဘယ်ဖက်ယိမ်းတဲ့ ​Kurdish ​လူမျိုးနဲ့ ​နိုင်ငံရေး ​သမားတွေကို ​ဖမ်းဆီး ​နှိမ်နင်းချင်လို ​အခုလို ​လုပ်ဆောင်တာလို့ ​ပြောဆိုနေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
IS တိုက်ခိုက်မှုမှာ တူရကီပါလာ IS တိုက်ခိုက်မှုမှာ တူရကီပါလာ Reviewed by THITHTOOLWIN on 17:47 Rating: 5
Powered by Blogger.