အစ္စတန်ဘူလ်မြို့မှာ ဘယ်ဖက်ယိမ်းတဲ့ ဆန္ဒပြသူတွေ ဆန့်ကျင် ဆန္ဒပြစဉ် (Credit: AFP) |
အရင်တုန်းက တူရကီနိုင်ငံဟာ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့နဲ့ သူပုန်တွေကို တိုက်ခိုက်ဖို့ လက်တွန့်ခဲ့ပေမယ့် ဒီရက်ပိုင်းအတွင်း IS အဖွဲ့ကို ဆန့်ကျင်တာတွေ လုပ်လာပါတယ်။
IS ကို တိုက်ခိုက်နေတဲ့ အမေရိကန်ကို တူရကီ လေတပ်စခန်းတွေ အသုံးပြုခွင့် ပေးလိုက်သလို PKK ဆိုတဲ့ သူပုန်အဖွဲ့ကိုလည်း တိုက်ခိုက်မှု လုပ်လိုက်ပါတယ်။
Kurdish PKK အဖွဲ့ကို တိုက်ခိုက်တဲ့အပေါ် အမေရိကန်က ကြိုဆိုလိုက်ပါတယ်။ PKK ဟာ အကြမ်းဖက် အဖွဲ့အစည်း ဖြစ်တာကြောင့် တူရကီအနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းကို တိုက်ခိုက်ခွင့် ရှိသလို IS ကို ချေမှုန်းရေးမှာ ပါဝင်လာတဲ့အပေါ် ကြိုဆိုတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Ben Rhodes က ပြောပါတယ်။
တချို့အဖွဲ့တွေကတော့ Kurdish PKK အဖွဲ့ကို တိုက်ခိုက်နေတဲ့အပေါ် စိုးရိမ်မကင်းမှု ဖြစ်နေကြပါတယ်။
Kurdish တပ်ကို တူရကီက တိုက်ခိုက်တာကို တုန့်ပြန်တဲ့အနေနဲ့ Kurdish တပ်ကလည်း တူရကီ စစ်သား နှစ်ယောက်ကို လုပ်ကြံခဲ့ပါတယ်။
IS အဖွဲ့နဲ့ Kurdish သူပုန်ကို တိုက်ခိုက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နေတိုးမဟာမိတ်အဖွဲ့ကို တူရကီက ပြောဆိုထားပါတယ်။ နေတိုးအဖွဲ့ကလည်း ဆွေးနွေးဖို့ သဘောတူထားပါတယ်။
တူရကီနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ ဆန့်ကျင် ဆန္ဒပြမှုတွေ များလာတဲ့နောက်ပိုင်း အခုလို တိုက်ခိုက်မှုတွေ လုပ်လိုက်တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေကတော့ အစိုးရက နိုင်ငံရေး အကျိုးအမြတ်အတွက် တိုက်ခိုက်မှုလုပ်နေတာ ဖြစ်ပြီး ဘယ်ဖက်ယိမ်းတဲ့ Kurdish လူမျိုးနဲ့ နိုင်ငံရေး သမားတွေကို ဖမ်းဆီး နှိမ်နင်းချင်လို အခုလို လုပ်ဆောင်တာလို့ ပြောဆိုနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
IS တိုက်ခိုက်မှုမှာ တူရကီပါလာ
Reviewed by THITHTOOLWIN
on
17:47
Rating: