မြန်မာကောင်စစ်ဝန်ရုံးဖွင့်လှစ်ရန် ထိုင်း-မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ ချင်းမိုင်မြို့တွင် လက်မှတ်ရေးထိုး

ဓါတ်ပုံ-ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းတော်ကြီး ကျောင်းတွင်တွေ့ရသော ၂ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး
ဂျူလိုင်လ ၂၈ ရက်

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ရုံးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖွင့်လှစ်ရန်အတွက် ဂျူလိုင်လ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့များ ချင်းမိုင်မြို့ ရှန်ကရီလာ ဟိုတယ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ထိုင်းနိုင်ငံဆိုင် ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ ထိုင်းနိုင်ငံ ဒုနိုင်ငံခြားရေးဝန်ကြီး ဗိုလ်မှူးကြီး ထနဆတ် ပတိမားပရကောန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

မြန်မာကောင်စစ်ဝန်ရုံးကို ဂျူလိုင်လ ၂၉ ရက် ချင်းမိုင်မြို့ ဆီဖုမ်းရပ်ကွက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ က ချင်းမိုင်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ခဲ့ဖူးပါသည်။ နိုင်ငံရေး နှင့်လုံခြုံရေးတို့ကြောင့် ပိတ်သိမ်းခဲ့ရာ ယခု မှ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။

ဂျူလိုင်လ ၂၈ ရက် မနက်ပိုင်းတွင်လည်း နှစ်နိုင်ငံဆိုင်ရာ ၀န်ကြီးများ အဖွဲ့ သည် ချင်းမိုင်မြို့ ၀ပ်ဆိုင်မွန်း မြန်မာဘုန်းတော်ကြီးကျောင်း မှ ကျောင်း ထိုင် ဆရာတော် ဘဒ္ဒန္တကောဏ္ဍညအား မြန်မာအစိုးရမှ ချီးမြှင့်သည့် အဂ္ဂမဟာ ပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ကာ ဆွမ်းကပ်အလှူပြုလုပ်ရာတွင်လည်း ချင်းမိုင်မြို့ရှိ မြန်မာနိုင်ငံသားများ လူမှုအသင်းအဖွဲ့များနှင့်ချင်းမိုင်မြို့ခံများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

မြန်မာကောင်စစ်ဝန်ရုံးဖွင့်လှစ်ရန် ထိုင်း-မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ ချင်းမိုင်မြို့တွင် လက်မှတ်ရေးထိုး  မြန်မာကောင်စစ်ဝန်ရုံးဖွင့်လှစ်ရန် ထိုင်း-မြန်မာ နိုင်ငံခြားရေးဝန်ကြီးများ ချင်းမိုင်မြို့တွင် လက်မှတ်ရေးထိုး Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.