စပိန်ရိုးရာ နွားသိုးလွှတ်ပွဲတော်၌ အမျိုးသား သုံးဦး နွားဝှေ့ခံရ


ဘာစီလိုနာ ဇူလိုင် ၇

စပိန်နိုင်ငံ၌ ရက်သတ္တပတ်ကြာ ကျင်းပမည့် ရိုးရာနွားသိုးလွှတ်ပွဲတော်ကို ဇူလိုင် ၇ ရက်က စတင်ကျင်းပရာ အမျိုးသား သုံးဦး နွားဝှေ့ခံခဲ့ရပြီး ၁ဝ ဦးကို ဆေးရုံသို့ တင်ပို့လိုက်ရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။

နှစ်စဉ်ကျင်းပသည့် ရိုးရာနွားသိုးလွှတ်ပွဲတော်အတွင်း လွှတ်ပေးလိုက်သည့် နွားသိုးများနှင့်အတူ လူအများ လိုက်ပါပြေးလွှားကြသည်။ ယောက်ျားများ၏ ရဲစွမ်းသတ္တိကို ထုတ်ဖော်ပြသနိုင်ရန် ယင်းရိုးရာပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။

အနီရောင်ပဝါများ လွှမ်းခြုံထားသူ လူများနောက်သို့ လိုက်ပါလာသော နွားသိုးများက လူအုပ်ကို ဦးချိုဖြင့် လိုက်ဝှေ့လေ့ရှိပြီး ပွဲတော်၏ ပထမနေ့တွင် စပိန်နိုင်ငံအနောက်ပိုင်း အိပ်ထရီမာဒူရာ ကျေးလက်ဒေသရှိ နွားမွေးမြူရေးခြံ တစ်ခြံမှ နွားသိုးများ အပါအဝင် နွားသိုးတစ်အုပ်ကို လူနေရပ်ကွက်ရှိလမ်းများကို ဖြတ်သန်း၍ လွှတ်ပေးခဲ့သည်။

လွှတ်ပေးလိုက်သော နွားသိုးများ၏ ပြေးလွှားချိန်မှာ ၂ မိနစ်နှင့် ၂၃ စက္ကန့် ကြာမြင့်သည်။ အမျိုးသားတစ်ဦး ရင်ဘတ်တွင် နွားဝှေ့ခံခဲ့ရပြီး ၎င်းကို ကုသပေးလျက်ရှိကြောင်း ဆရာဝန်တစ်ဦးက ပြောကြားသည်။အခြားအမျိုးသား နှစ်ဦးမှာလည်း နွားဝှေ့ခံခဲ့ရကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များကိုမသိရပေ။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
စပိန်ရိုးရာ နွားသိုးလွှတ်ပွဲတော်၌ အမျိုးသား သုံးဦး နွားဝှေ့ခံရ  စပိန်ရိုးရာ နွားသိုးလွှတ်ပွဲတော်၌ အမျိုးသား သုံးဦး နွားဝှေ့ခံရ Reviewed by သစ်ထူးလွင် on 08:41 Rating: 5
Powered by Blogger.