ပါကစ္စတန်ရေကြီးမှု ၅၁ ဦးသေဆုံးပြီး ကျေးရွာ ၄၅၁ ရွာ ရေကြီးနစ်မြုပ်


 အစ္စလမ္မာဘတ် ဇူလိုင် ၂၇

 ပါကစ္စတန်နိုင်ငံဒေသအချို့၌ လွန်ခဲ့သော ၁၂ ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၅၁ဦး သေဆုံး ပြီး ၂၁ ဦး ဒဏ်ရာရရှိကာ လူပေါင်း ၂၅၈၉၃ဝ ရေဘေးဒုက္ခကြုံတွေ့နေရကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (အင်န်ဒီ အမ်အေ)က တနင်္လာနေ့တွင် ပြောသည်။

ဇူလိုင် ၁၅ ရက်ကစပြီး နိုင်ငံတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် နေအိမ်ပေါင်း ၁၆၄၈ လုံး မျောပါပျက်စီးခဲ့ပြီး ကျေးရွာ ၄၅၁ ရွာ ရေကြီးနစ်မြုပ်ခဲ့ကာ စိုက်ပျိုးမြေ ၂၃၃၆၈၈ ဧက ပျက်စီးသွားခဲ့ကြောင်း အင်န်ဒီအမ်အေပြောရေး ဆိုခွင့်ရှိသူ ရီမာဇူဘာရီက ဆင်ဟွာသို့ ပြောကြား သည်။

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ဘာပတ်တွန်ကွာပြည်နယ် ချစ်ထရယ်ခရိုင် သည် အဆိုးရွားဆုံးဖြစ်ပြီး အနည်းဆုံးလူ ၂၆ ဦးသေဆုံးကာ နေအိမ် ၃၅ဝ ပျက်စီးသွားခဲ့သည်။

အဆိုပါ ခရိုင်နှင့်ပြည်နယ်မှ အခြားပြည်နယ် သို့ ဆက်သွယ်ထားသောတံတားအစင်းပေါင်း ၄ဝ နှင့် အဓိကလမ်းမကြီးလေးခု ပျက်စီးသွားခဲ့သည်။ ယင်းရေကြီးမှုကြောင့် စိုက်ပျိုးရေးမြောင်းလက်တံ ၁၁ ခုနှင့် ရေပေးဝေရေးစီမံကိန်း ၆ဝ လည်း ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။ ပါကစ္စတန် ထိန်းချုပ်ကက်ရှ်မီးယားဒေသ၌ အဆိုပါရေကြီး မှုကြောင့် ၁၃ ဦး သေဆုံးပြီး ရှစ်ဦးဒဏ်ရာရကာ၊ အိမ်ခြေ ၁ဝဝ ခန့် ပျက်စီးသွားခဲ့သည်။ ဘလူချီ စတန်နှင့်ပန်ဂျပ်ပြည်နယ်တို့တွင်လည်း သေကျေ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။

(ဆင်ဟွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပါကစ္စတန်ရေကြီးမှု ၅၁ ဦးသေဆုံးပြီး ကျေးရွာ ၄၅၁ ရွာ ရေကြီးနစ်မြုပ်  ပါကစ္စတန်ရေကြီးမှု ၅၁ ဦးသေဆုံးပြီး ကျေးရွာ ၄၅၁ ရွာ ရေကြီးနစ်မြုပ် Reviewed by THITHTOOLWIN on 06:08 Rating: 5
Powered by Blogger.