ဆိုမာလီဟိုတယ်၌ တိုက်ခိုက်မှုဖြစ် ၁၃ ဦးထက်မနည်းသေဆုံး


 မိုဂါဒစ်ရှူး ဇူလိုင် ၂၇

 တနင်္ဂနွေနေ့က ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူး ဟိုတယ်တစ်ခု၌ အယ်လ်ရှာဘတ် စစ်သွေးကြွများက ဟိုတယ်ဝင်ပေါက်တစ်လျှောက် ကား ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ ကြောင်း ထိပ်တန်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ဂျာဇီရာဟိုတယ် အနီးတစ်ဝိုက်တွင် သွေးအိုင်များနှင့် ကိုယ်ခန္ဓာအစိတ် အပိုင်းများကို တွေ့ရှိရကြောင်း၊ ကားအပျက်အစီး လေးစီးကိုလည်း တွေ့ရကြောင်း ရိုက်တာသတင်း ထောက်တစ်ဦးက ပြောသည်။
''ကျွန်တော်တို့ဟာ သေဆုံးသူ ၁၃ ဦးရဲ့အလောင်းတွေနဲ့ ဒဏ်ရာ ရသူ ၂၁ ဦးကို သယ်ဆောင်ခဲ့ကြ ပါတယ်''ဟု လူနာတင်ယာဉ်မောင်း အဗ္ဗဒီကာဒါအဗ္ဗဒီရာမန်က ရိုက်တာ သတင်းဌာနသို့ပြောသည်။

ဟိုတယ်၌ သံတမန်ရေးရာကိစ္စ နှင့် လုံခြုံရေးဆောင်ရွက်နေသော တရုတ် နိုင်ငံသားတစ်ဦး သေဆုံး သွားခဲ့ပြီး အခြားသုံးဦးဒဏ်ရာရရှိ သွားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆိုမာလီဟိုတယ်၌ တိုက်ခိုက်မှုဖြစ် ၁၃ ဦးထက်မနည်းသေဆုံး  ဆိုမာလီဟိုတယ်၌ တိုက်ခိုက်မှုဖြစ် ၁၃ ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 06:08 Rating: 5
Powered by Blogger.