တရုတ် ခရီးသည် တင် ဘတ်စ်ကား တစ်စီး တံတား ပေါ်မှ ထိုးကျ တောင်ကိုရီးယား နိုင်ငံသား ၁ဝ ဦးသေဆုံး


ပေကျင်း ဇူလိုင် ၂

တရုတ် နိုင်ငံ အရှေ့ မြောက် ပိုင်းတွင် တောင် ကိုရီးယား နိုင်ငံသား များကို တင်ဆောင် လာသည့် ဘတ်စ် ကားတစ်စီး သည် အဝေးပြေး လမ်းမ ပေါ်ရှိ တံတား တစ်ခုမှ အောက်သို့ ထိုးကျ ခဲ့ရာ အနည်းဆုံး ခရီးသည် ၁ဝ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

 အဆိုပါ မတော် တဆမှု သည် ဇူလိုင် ၁ရက်က ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး ယင်းဘတ်စ် ကားမှာ ကျီအန်း မြို့မှ မြောက် ကိုရီးယား နယ်စပ်ရှိ တန်တုံမြို့ သို့  မောင်းနှင် လာစဉ်ခရီးစဉ် လမ်းခုလတ် ၌ တံတား ပေါ်မှ အောက်သို့ ထိုးကျခဲ့ ခြင်း ဖြစ်ကြောင်း ဒေသတွင်း  အာဏာပိုင် အဖွဲ့က ပြောကြား ထားသည်။

 ကနဦး သတင်း ထုတ်ပြန် ချက်များ အရ သေဆုံးသူ ၁ဝ ဦးအနက် ရှစ်ဦး မှာ တောင်  ကိုရီးယား နိုင်ငံသား များဖြစ်ပြီး ကျန်နှစ်ဦးမှာ တရုတ် နိုင်ငံသား များ ဖြစ်ကြောင်း သိရသည်။

 သို့သော် သေဆုံးသူ အားလုံးမှာ တောင် ကိုရီးယား နိုင်ငံသား များဖြစ်သည် ဟု ဒေသတွင်း အစိုးရက နောက်ပိုင်းတွင် အတည် ပြုထားသည်။

 မတော်တ ဆဖြစ်ပွား ခဲ့သည့် အဆိုပါ ဘတ်စ်ကား ပေါ်တွင် တောင်ကိုရီး ယားနိုင်ငံသား ၂၆ ဦး လိုက်ပါ လာခဲ့ပြီး ၄င်းတို့သည်ဒုတိယ ကမ္ဘာစစ် မပြီးဆုံးမီ ဂျပန်တို့၏ လက်အောက် ၌ ရှိနေစဉ် ဂျပန် တပ်ဖွဲ့ ဝင်များအား တောင်ကိုရီး ယားနိုင်ငံမှ  လွတ်လပ်ရေး ကြိုးပမ်း သူများက ခုခံ တိုက်ခိုက်ခဲ့ သည့် တရုတ် နိုင်ငံအတွင်းရှိ သမိုင်းဝင် နေရာ များသို့ လေ့လာ ကြည့်ရှုရန် သွားရောက် ခဲ့ခြင်း ဖြစ်ကြောင်း  တောင် ကိုရီးယား အစိုးရက အတည်ပြု ပြောကြား ထားသည်။

Pyi Chit thar
http://www.pyichitthar.com
တရုတ် ခရီးသည် တင် ဘတ်စ်ကား တစ်စီး တံတား ပေါ်မှ ထိုးကျ တောင်ကိုရီးယား နိုင်ငံသား ၁ဝ ဦးသေဆုံး  တရုတ် ခရီးသည် တင် ဘတ်စ်ကား တစ်စီး တံတား ပေါ်မှ ထိုးကျ တောင်ကိုရီးယား နိုင်ငံသား ၁ဝ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 17:09 Rating: 5
Powered by Blogger.