Volkswagen စက်ရုံ၌ စက်ရုပ်က စက်မှု ပညာရှင် တစ်ဦးအား သတ်မှုဖြစ်ပွား


ဘာလင် ဇူလိုင် ၂

ဂျာမနီ နိုင်ငံရှိ  Volkswagen စက်ရုံ၌ အသုံးပြု လျက်ရှိသော စက်ရုပ် တစ်ရုပ်က စက်မှု ပညာရှင် တစ်ဦးအား သတ်ဖြတ် ခဲ့ကြောင်း ဇူလိုင် ၁ ရက်တွင် အဆိုပါ ကုမ္ပဏီ ၏ ပြောရေး ဆိုခွင့်ရှိသူ ဟေကို ဟေးလ် ဝစ်ဂ်က ပြောကြား ထားသည်။

 အသက် ၂၂ နှစ် အရွယ် အဆိုပါ သေဆုံးသူ ပညာရှင် သည် ယင်း စက်ရုပ်ကို တီထွင် ပြုလုပ်ခဲ့ သော အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးဖြစ် ပြီး ဇွန် ၂၉ ရက်တွင် ဗျူနာ တယ်လ် မြို့ရှိ Volkswagen မော်တော် ယာဉ် ထုတ်လုပ်ရေး စက်ရုံ၌ စက်ရုပ်၏ တိုက်ခိုက်မှု ကို ခံရပြီး နောက် ဒဏ်ရာ အများအပြား ရရှိကာ သေဆုံး ခဲ့ခြင်း ဖြစ်သည်။

 အဆိုပါ စက်ရုံ၏ တည်ရှိမှုသက်တမ်း ကာလမှာ ကြာမြင့်ကာ ခေတ်နောက် ကျနေ သော်လည်း မည်သည့် စက်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု တစ်စုံ တစ်ရာမှ မတွေ့ ရှိကြောင်းနှင့် ယင်းဖြစ်ရပ် မှာ အသုံးပြုသူ ၏  မှားယွင်း ပေါ့ဆမှု ကြောင့် ဖြစ်ကြောင်း ဟေကိုက မှတ်ချက် ပြု ပြောကြားသည်။

အဆိုပါ စက်ရုံ၌ စက်ရုပ်များ နှင့် လူသား တို့အကြား ထိတွေ့ ဆက်ဆံရာ တွင် မတော်တဆ ထိခိုက်မှု များမှ ကာကွယ် နိုင်ရန် အတွက် စက်ရုပ် များအား  လုံခြုံရေး လှောင်အိမ် များအတွင်း ထည့်ထား ကြောင်း၊ သို့ရာတွင် ယခု ဖြစ်စဉ်၌ သေဆုံးသူ သည် လှောင်အိမ် အတွင်း ရပ်လျက်ရှိ နေကြောင်းနှင့်  ၄င်း၏ လုပ်ဖော် ကိုင်ဖက် မှာမူ  လှောင်အိမ် အပြင်ဘက်တွင် ရှိနေသော ကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း  သိရသည်။ အဆိုပါ ဖြစ်ရပ်နှင့် စပ်လျဉ်း၍  စုံစမ်း စစ်ဆေး ရေး တာဝန်ရှိ သူများက  ဖြစ်စဉ် အကြောင်း အရာ အသေးစိတ် ကိုစုံစမ်း လျက်ရှိ ကြောင်း သိရသည်။

Pyi Chit thar
http://www.pyichitthar.com
Volkswagen စက်ရုံ၌ စက်ရုပ်က စက်မှု ပညာရှင် တစ်ဦးအား သတ်မှုဖြစ်ပွား  Volkswagen စက်ရုံ၌ စက်ရုပ်က စက်မှု ပညာရှင် တစ်ဦးအား သတ်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:11 Rating: 5
Powered by Blogger.