အရက်နှင့်အက်ဆစ် မှားသောက်မိ၍ သေဆုံး


နေပြည်တော်၊ ဇူလိုင် ၎

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ ပြည်သူ့ဆေးရုံသို့ အက်ဆစ်သောက်မိ၍သေဆုံးသည့် အမျိုးသားအလောင်း(၁)လောင်း ရောက်ရှိနေကြောင်း သတင်းအရ မြို့သစ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မြို့သစ်မြို့၊ လယ်ပြင်ရပ်ကွက်နေ ရဲမြင့်ထွန်း(၄၇)နှစ်ဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးချက်အရ ရဲမြင့်ထွန်းသည် အရက်အလွန်အကျွံသောက်သုံးတတ်သူတစ်ဦးဖြစ်ပြီး ယင်းနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် နေအိမ်အောက်ထပ် ကုတင်ခေါင်းရင်းတွင် ထားရှိသည့် MAX အချိုရည်ပုလင်းဖြင့်ထည့်ထားသော လက်(၄)လုံးခန့်ရှိ အက်ဆစ်များအား အရက်ဟုထင်မှတ်ကာ လွဲမှားသောက်သုံးမိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသောကြောင့် မြို့သစ်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၅)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
အရက်နှင့်အက်ဆစ် မှားသောက်မိ၍ သေဆုံး  အရက်နှင့်အက်ဆစ် မှားသောက်မိ၍ သေဆုံး Reviewed by သစ်ထူးလွင် on 21:01 Rating: 5
Powered by Blogger.