ဘီးပေါက်သောယာဉ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား တိုက်မိကာ တံတားဘောင်အား ထပ်မံတိုက်မိ၍ သေဆုံး/ဒဏ်ရာရ |
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၆၁/၄-၅)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်မှ ရန်ကုန်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်နေ မင်းကိုဦး(၃၅)နှစ်မောင်းနှင်လာသော 3J/×××× TOYOTA COROLLA FIELDER အဖြူရောင်ယာဉ်သည် ဝဲဘက်ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား ဝင်ရောက်တိုက်မိကာ လမ်းယာဘက်ဘေးရှိ တံတားဘောင်အား ထပ်မံ တိုက်မိခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၅)ဦးအနက် ပန်းဘဲတန်းမြို့နယ်နေ ကိုမင်းမင်းစိုး(၃၀)နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံး သွားခဲ့ပြီး တစ်မြို့နယ်တည်းနေ ကိုပြည့်ဖြိုးစံနှင့် တောင်ဒဂုံမြို့နယ်နေ ဒေါ်တင်တင်ပိုက်(၆၅)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် တောင်ငူမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်စဉ် ဒေါ်တင်တင်ပိုက်မှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံသို့အရောက်၌ သေဆုံးသွားခဲ့သောကြောင့် မင်းကိုဦးအား ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်တိုင်အမှတ်(၁၆၁/၄-၅)ကြားတွင် ယာဉ်တိုက်မှုဖြစ်၊ သေဆုံး/ဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
21:07
Rating: