ပြင်သစ်အစိုးရက အမုန်းတရား ဟောကြားသူ ဗလီဆရာ ၄၀ ကို ပြည်နှင်ဒဏ်ပေး


ပြင်သစ်နိုင်ငံတွင် လိုင်ယွန်းမြို့တွင် ယခင်သီတင်းပတ်က ဖြစ်ပွားခဲ့သော ဓါတ်ငွေ့စက်ရုံ တိုက်ခိုက်ခံရမှုတွင် အစ္စလာမ်အစွန်းရောက်တဦးက ၎င်း၏မန်နေဂျာကို ခေါင်းဖြတ်သတ်ခဲ့သည့် ဖြစ်စဉ်အပြီး အစိုးရက အမုန်းတရား ဟောကြားပို့ချသည့် ဗလီဆရာများနှင့် ဗလီများကို အရေးယူနှိပ်ကွပ်သွားမည်ဟု ကြုံးဝါးထားသည်။

အဆိုပါဖြစ်ရပ်တွင် ပုဂ္ဂလိကခံစားချက်ထက် ဂျီဟတ်ဝါဒီတဦး၏လုပ်ရပ်သာဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် ၆ လအတွင်း ဒုတိယအကြိမ် ဖြစ်ပွားသော ဘာသာရေးအခြေခံ အကြမ်းဖက်မှုဖြစ်သည်။ ပြင်သစ်နိုင်ငံသည် အစွန်းရောက်ဝါဒဖြန့်ဖြူးခြင်း၊ ရာနှင့်ချီသော အစွန်းရောက်များ ဂျီဟတ်ဆင်နွှဲရန် အီရတ်နှင့် ဆီးရီးယားနိုင်ငံများသို့ သွားရောက်နေခြင်း စသည့်ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

“ပြည်ပကလာပြီး အမုန်းတရား ဟောကြာပို့ချတဲ့ ဘယ် တရားဟောဆရာကိုမဆို သူတို့နေရပ်ကို ပြန်ပို့မယ်။ ၂၀၁၂ ကစပြီး ပြန်ပို့လိုက်တာ တရားဟောဆရာ ၄၀ လောက် ရှိပါတယ်။ ဒီနှစ်ထဲမှာ စုံစမ်းစစ်ဆေးတာ ၂၂ မှုလောက်ရှိပြီး တရားဟောဆရာ ၁၀ ယောက်လောက်ကို မောင်းထုတ်ပြီးပါပြီ”ဟု ပြည်ထဲရေးဝန်ကြီး Cazeneuve က ပြောသည်။

ယာစင်ဆာလ်ဟီ (အသက် ၃၅ နှစ်) သည် ၎င်း၏အကြီးအကဲကို သတ်ဖြတ်ခဲ့ကြောင်းနှင့် ဦးခေါင်းကို စက်ရုံ၏ခြံစည်းရိုးတွင် ချိတ်ဆွဲထားခဲ့ကြောင်း ၀န်ခံသည်။ ခေါင်းပြတ်ကို ၀ဲနှင့်ယာတွင် ISIS အလံလွှင့်ထူထားလျက် တွေ့ရှိခဲ့ပြီး ပြစ်မှုကျုးလွန်သူသည် အဆိုပါ ခေါင်းပြတ်နှင့် selfie ရိုက်ကူး၍ ဆီးရီးယားတွင်ရောက်ရှိနေသော ပြင်သစ်နိုင်ငံသား ဂျီဟတ်ဝါဒီများဟု ယဆရသူများထံ ပေးပို့ခဲ့သည်။

Ref; thelocal.fr
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ပြင်သစ်အစိုးရက အမုန်းတရား ဟောကြားသူ ဗလီဆရာ ၄၀ ကို ပြည်နှင်ဒဏ်ပေး  ပြင်သစ်အစိုးရက အမုန်းတရား ဟောကြားသူ ဗလီဆရာ ၄၀ ကို ပြည်နှင်ဒဏ်ပေး Reviewed by သစ်ထူးလွင် on 15:54 Rating: 5
Powered by Blogger.