မြန်မာနိုင်ငံမှ ထွက်ရှိသည့် ၉၅၀ ကရက်ရှိ အရည်အသွေးမြှင့် ပတ္တမြားအရိုင်းတုံးကြီးအား စင်ကာပူနိုင်ငံတွင် ပြသထား


စင်ကာပူနိုင်ငံ Marina Bay Sands တွင် လေးရက်ကြာ ကျင်းပပြုလုပ်နေသည့် Singapore International Jewelry Expo (SIJE) တွင် ရတနာရောင်းဝယ်ရေး နိုင်ငံတကာကုမ္မဏီ တစ်ခုက မြန်မာနိုင်ငံ မိုးကုတ်ဒေသမှ ထွက်ရှိသည်ဟု ယူဆရသည့် ၉၅၀ ကရက်ရှိ အရည်အသွေးမြှင့် ပတ္တမြားအရိုင်းတုံးကြီးအား ပြသထားရာ လာရောက်ကြည့်ရှုသူ ရတနာကုန်သည်များ အထူးစိတ်ဝင်စားလျက်ရှိသည်။

အချောမသွေးရသေးသော်လည်း အရည်အသွေး အရွယ်အစားရ စံချိန်တင် ဖြစ်နေသော အဆိုပါ ပတ္တမြားကို ၀ယ်ယူရရှိပုံ၊ ရောင်းချမည့် ဈေးတို့အား ကုမ္ပဏီ တာဝန်ရှိသူက အသေးစိတ်ပြောပြရန် ငြင်းဆိုခဲ့သည်။

တာဝန်ရှိသူက အဆိုပါ မြန်မာပတ္တမြားအရိုင်းတုံးအား တစ်နှစ်ခန့် နိုင်ငံတကာ ရှိုးပွဲများတွင် လှည့်လည်ပြသသွားပြီးမှသာ လက်ရာအလွန်ကောင်းသူ ပညာရှင်များဖြင့် အချောသွေးကာ လေလံတင် ရောင်းချသွားမည်ဟု ဆိုသည်။

အချောသွေးပြီးပါက ကိုလိုနီလက်ထက် သိမ်းယူသွားသည့် ပြည်တန်ပတ္တမြားထက်ပင် ပိုမိုကြီးမားသည့် အချောထည် ပြည်တန်ပတ္တမြားများ မြန်မာ့ပတ္တမြားမြေများ မှ ခေတ်အဆက်ဆက် ဆက်လက်ထွက်ရှိနေသည်မှာ အထင်အရှားပင် ဖြစ်သည်။

မောင်နိုး
The Ladies News Journal
https://www.facebook.com/News.TheLadies

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ၉၅၀ ကရက်ရှိ အရည်အသွေးမြှင့် ပတ္တမြားအရိုင်းတုံးကြီးအား စင်ကာပူနိုင်ငံတွင် ပြသထား  မြန်မာနိုင်ငံမှ ထွက်ရှိသည့် ၉၅၀ ကရက်ရှိ အရည်အသွေးမြှင့် ပတ္တမြားအရိုင်းတုံးကြီးအား စင်ကာပူနိုင်ငံတွင် ပြသထား Reviewed by သစ်ထူးလွင် on 15:59 Rating: 5
Powered by Blogger.