ခရီးသည်တင်မှန်လုံယာဉ် နှစ်စီးတိုက်မိ

အရှိန်မထိန်းနိုင်သော ခရီးသည်တင်မှန်လုံယာဉ်က ရှေ့မှမောင်းနှင်နေသည့် ခရီးသည်တင်ယာဉ်အားဝင်ရောက်တိုက်မိ

နေပြည်တော်၊ ဇွန် ၁၃

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ ည ၉ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ မန္တလေးသို့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ သနပ်ခါးတောရပ်နေ အောင်ကျော်မျိုး(၄၅)နှစ် မောင်းနှင်လာသော 8G/×××× "အေးချစ်မြိုင်"ခရီးသည်တင်မှန်လုံယာဉ်မှာ ရှေ့မှ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်နေ ငြိမ်းမောင်(၄၁)နှစ်မောင်းနှင်နေသည့် 5D/×××× "E.S.E"ခရီးသည်တင် မှန်လုံယာဉ်၏နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်(၂)စီးလုံး လမ်းယာဘက်မြေသားလမ်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ "အေးချစ်မြိုင်"ခရီးသည်တင်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်း ပိန်ချိုင့်၍ တန်ဖိုးငွေကျပ်(၁၅)သိန်းခန့်နှင့် "E.S.E"ခရီးသည်တင်ယာဉ်၏ နောက်ပိုင်းပိန်ချိုင့်၊ ပန်ကာအုံကျိုး၍ တန်ဖိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကျော်မျိုးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ခရီးသည်တင်မှန်လုံယာဉ် နှစ်စီးတိုက်မိ  ခရီးသည်တင်မှန်လုံယာဉ် နှစ်စီးတိုက်မိ Reviewed by သစ်ထူးလွင် on 20:14 Rating: 5
Powered by Blogger.