ညီအစ်ကိုချင်းရန်ဖြစ်ရာက လူသတ်မှုဖြစ်


နေပြည်တော်၊ ဇွန် ၁၃

၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ခြံပြင်ကျေးရွာအနောက်ဘက်ရှိ ကျောက်ကာကွင်းလယ်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ သံတွဲမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 စစ်ဆေး ချက်အရ ခြံပြင်ကျေးရွာနေ ဦးခင်မောင်ဆန်း(ခ)ဘူးတောင်း(၅၁)နှစ်နှင့် ညီဖြစ်သူ ထွန်းလင်း(ခ) ပေါက်စ(၄၈)နှစ်တို့သည် လယ်တဲတွင် အရက်သောက်ပြီး ထမင်းအတူစားနေရာ ဦးခင်မောင်ဆန်း (ခ)ဘူးတောင်းမှ ထွန်းလင်း(ခ)ပေါက်စအား ''ကောင်လေး မင်းကိုသတ်ပစ်လို့ရတယ်''ဟု အကြိမ်ကြိမ်ပြောဆိုရာက လုံးထွေးသတ်ပုတ်ကြပြီး တဲပြင်သို့ထွက်သွားစဉ် ထွန်းလင်း(ခ)ပေါက်စမှ အရိုးအသွား(၂)ပေ(၈)လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့်ခုတ်သောကြောင့် ဦးခင်မောင်ဆန်း(ခ) ဘူးတောင်းတွင် ဒဏ်ရာများရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရ၍ ထွန်းလင်း(ခ)ပေါက်စအား သံတွဲမြို့မရဲစခန်း (ပ)၇၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ညီအစ်ကိုချင်းရန်ဖြစ်ရာက လူသတ်မှုဖြစ်  ညီအစ်ကိုချင်းရန်ဖြစ်ရာက လူသတ်မှုဖြစ် Reviewed by သစ်ထူးလွင် on 20:10 Rating: 5
Powered by Blogger.