ပထွေးလုပ်သူက မယားပါ သမီးကို အဓမ္မပြုကျင့်


စစ်တွေ၊ ဇွန် ၁၃

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ပထွေးလုပ်သူက မယားပါသမီးကို အဓမ္မပြုကျင့်သည့် အမှုတစ်ခု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရှိသည်။

မင်းပြားမြိုကနယ် စည်ကန်ကျေးရွာတွင် ပထွေးလုပ်သူ ဦးမြင့်ဦးက ဇနီး(—–)၏သမီး အသက် ၁၁ နှစ်အရွယ် ၄ တန်းကျောင်းသူ (——-) ကို သူမမိခင်မရှိစဉ် အဓမ္မပြုကျင့်ခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားပုံမှာ ဇွန်လ ၁၁ ရက်နေ့ ညနေဘက် ၅ နာရီခန့်တွင် သူမ၏မိခင် ဈေးထဲ၌ဈေးရောင်းနေခိုက် သူမအိမ်၌ တစ်ဦးတည်းအိပ်ပျော်နေစဉ် ပထွေးဖြစ်သူ ဦးမြင့်ဦး၏ အဓမ္မပြုကျင့်ခံခဲ့ခြင်းဖြစ်သည်။

သူမမိခင်ဈေးရောင်းပြန်လာပြီး အမျိုးသမီးအဂါင်္မှ သွေးယိုကာ ငိုယိုနေသော သမီးဖြစ်သူကို ဘာဖြစ်သလဲဟု မေးမြန်းရန် ငြှောင့်စူးသွားသည်ဟု ပြန်ဖြေကြောင်း၊ သို့သော် မိခင်ဖြစ်သူက မသင်္ကာ၍ ဆေးရုံ၌ သွားရောက်စစ်ဆေးရာ အဓမ္မပြုကျင့် ခြင်းခံခဲ့ရသည်ကို သိရှိရကြောင်း၊ သူမကိုယ်တိုင်ကလည်း အဓမ္မပြုကျင့်ခြင်း ခံခဲ့ရသည်ကို မိခင်ကို နောက်ပိုင်းတွင် ၀န်ခံပြောကြားခဲ့သည်ဟု ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရဲစခန်းတွင် တရားစွဲဆိုထားပြီး ပြုကျင့်သူ ဦးမြင့်ဦးမှာ ထွက်ပြေးနေသည်ဟု သိရသည်။

ဦးမြင့်ဦးမှာ ပြည်မမှ ပန်းရံ၊ လက်သမား လာလုပ်နေသူတစ်ဦးဖြစ်ပြီး အဆိုပါ ဒေသတွင် ၅ လခန့်ကြာမြင့်ဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်ခံရသူ မိန်းခလေး၏ ဖခင် အရင်းမှာ ထိုင်းနိုင်ငံ၌ အလုပ်သွားလုပ်နေသူ တစ်ဦးဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ဤသတင်းကို အတည်ပြုနိုင်ရန် မင်းပြား မြို့မရဲစခန်းသို့ နိရဉ္စရာသတင်းဌာနမှ အကြိမ်ကြိမ် ဖုန်းဆက်သော်လည်း ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်ကြားနေ၍ ဆက်သွယ်၍ မရရှိခဲ့ပါ။

စံမောင်သန်း / နိရဉ္စရာ
http://www.narinjara.com/burmese

ပထွေးလုပ်သူက မယားပါ သမီးကို အဓမ္မပြုကျင့်  ပထွေးလုပ်သူက မယားပါ သမီးကို အဓမ္မပြုကျင့် Reviewed by သစ်ထူးလွင် on 17:02 Rating: 5
Powered by Blogger.