ပြစ်မှုကျူးလွန်သူ ယောကျာ်းအား မဖမ်းနိုင်၍ ဇနီးဖြစ်သူအားဖမ်းဆီး ထောင် ၁၆ နှစ်ချ

ဓါတ်ပုံ- ဖမ်းဆီးထောင်ချခံရသော နန်းဆိုင်ခမ်း
ဂျွန် ၁၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း ပြစ်မှုကျူးလွန်သည့် ယော က်ျားဖြစ် သူအား အာဏာပိုင်များက မဖမ်းနိုင်သဖြင့် ဇနီးဖြစ်သူအား ဖမ်းဆီး ထိန်းချုပ်ကာ လွယ်လင် တရား ရုံးမှ ပြစ်မှုနှစ်ခုဖြင့် ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်သည်ဟု မိုင်းရှူးမြို့ ခံ များက ပြောသည်။

မူးယစ်ဆေးဝါးမှု၊ စရဖအား ဓါးဖြင့်ခုတ်ဖြတ်မှုကြောင့် ရှောင်တိမ်း လွတ်ြေ မာက်ေ န သည့် မိုင်းရှူးမြို့သား (ဦး)လုံးကောယန်းအား ဖမ်းဆီးထိန်းသိမ်း နိုင်ခြင်းမရှိသောကြောင့် ဇနီးဖြစ် သူ(ဒေါ်) နန်းဆိုင်ခမ်း အသက် ၅၇ နှစ်အား တပ်မတော် နှင့် ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီး၍ ရဲတပ် ဖွဲ့မှ တရားလိုအဖြစ် မူးယစ်ဆေးဝါးမှု၊ တရားမဝင်လက်နက်ကိုင်ဆောင်မှုတို့ဖြင့်လွယ်လင် တရားရုံးက ပြီးခဲ့သည့် မေလ က ထောင်ဒဏ် ၁၆ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

“မူးယစ်ဆေးဝါးမှု နဲ့ ထောင်ဒဏ် သုံးနှစ်၊ အိမ်အတွင်း လိုင်စင် (ကိုင်ဆောင် ခွင့်)မရှိတဲ့ တူမီးသေနတ် နှစ်လက်အတွက်က ၁၃ နှစ် အားလုံး၁၆ နှစ် ထောင် ဒဏ် ပြစ်ဒဏ်ချ လိုက် တာဖြစ်တယ်” - ဟု အမည် မဖေါ်လိုသည့် လွယ်လင်တရားရုံး အသိုင်းအဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ဩဂတ်စ် ၃ ရက်နေ့က မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာနေ လုံးကောယန်း ဆိုသူ၏ နေအိမ်တွင် ယာဘ ဆေးပြား လာရောက်သုံးစွဲကြ သည့် စရဖ စစ်ဗိုလ်နှင့် အိမ်ရှင် တို့အခင်းများကြကာ စစ်ဗိုလ်အား ဓါးဖြင့် ခုတ်ဖြတ် ထွက်ပြေးသွားကြောင်း၊ ၎င်းအား ဖမ်း ဆီးနိုင်ခြင်းမရှိသောကြောင့် ဇနီးသည်အား ဖမ်းဆီးသွားကာ ယခုကဲ့သို့တရားစွဲ ပြစ်ဒဏ်ချ မှတ်ခြင်း ဖြစ်ကြောင်း ကြားသိရသည်။

“အခုက အိုးမနိုင် ရခိုင်မည်း ဆိုသလိုဖြစ်နေပြီ။ တကယ်တော့နန်းဆိုင်ခမ်းက ဘာမှ မဆိုင် ဘူး။ လုံးကောယန်း ထွက်ပြေး တယ်။ နန်းဆိုင်ခမ်းကို ဖမ်းသွားတယ်ဆိုတော့- အားကိုးရာ မဲ့ သူတို့ရဲ့ သမီးကြီးက အသက်ငယ် ငယ်နဲ့ အိမ်ထောင်ပြုသွားရရှာတယ်။ သားငယ် နဲ့ သမီး ငယ်က ကျောင်း ထွက်လိုက်ရ တယ်၊ ဘယ်အဖွဲ့ကမှလဲ နန်းဆိုင်ခမ်းကို ကူညီပေးတာ မရှိ ဘူး” - ဟု မိုင်းရှူးမြို့ ရပ်ကွက်လေးနေသူ နန်းကွန် က ပြောသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

ယမန်နှစ် ၂၀၁၄ ဩဂတ်စ် ၃ ရက်နေ့ ဖြစ်စဉ်အား အောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

 မိုင်းရှူးမြို့ စရဖ ဗိုလ် ဓါးခုတ် ခံရ

သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့  တာဝန်ကျ  အစိုးရ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိ စရဖ ဗိုလ် အောင်စည်ဝေသည် ယာဘ ဆေးပြား သုံးပြီး ဒေသခံနှင့် စကားများရာ ဦးခေါင်း၌ ဓါးခုတ်ခံရ ကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။

သြဂတ်စ်လ ၃ ရက်က မိုင်းရှူးမြို့နယ် စရဖ မှူး ဗိုလ်အောင်စည်ဝေနှင့် တပည့်အောင်မျိုးနိုင် တို့ သည် မိုင်းရှူးမြို့အစပ် ပန်စွဲရွာ (မိုင်းရှူး - မိုင်းစန် - ကာလိလမ်း) သို့ရောက်ရှိပြီး ယာဘဆေးပြား လိုက်တောင်းကြောင်း၊ အိမ်ရှင် (ဦး)လုံးကောယန်းက ဆေးပြား၂  ပြား ဝယ်ပေးခဲ့ကြောင်း၊ ထို့နောက် တယောက်တခွန်း စကားများကြရာမှ အိမ်ရှင် လုံးကောယန်းက ဓါးဖြင့်လိုက်ခုတ်ကြောင်း၊ စရဖ ၂ ဦး ကလည်း ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သောကြောင့် လုံးကောယန်း သေနတ်သုံးချက် ထိမှန်ကာ ထွက် ပြေးလွတ်မြောက်သွားကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

မိုင်းရှူး မိုင်းစံလမ်းရှိ မြန်မာအစိုးရတပ်
``လုံကောယန်းကပြောတယ်။ ကျနော်မှာ ၂ ပြားဘဲရှိတော့တယ်။ ဗိုလ်လုံထပ်စားချင်သေးရင် ပိုက်ဆံ ပေး ကျနော်ရှာပေးမယ်ပြောတယ်။ ဟိုကလဲ ဗိုက်ဆံမပေးနိုင်ဘူး ဘာညာနဲ့စကားများတယ်။ လုံးကောယန်း ကလဲ စိတ်ဆိုးပြီး ဓါးနဲ့လှမ်းခုတ်တာ။ ဟိုနှစ်ယောက်ကလဲ သေနတ်နဲ့ လှမ်းပစ်တာ။ သုံးချက် ထိတယ်။ မသေဘူး။ ထွက်ပြေးလွတ်မြောက်သွားတယ်။ လုံးကောယန်းက´´ - ဟု အမည် မဖေါ်လိုသူ တဦးကပြောသည်။

 ဓါးခုတ်ခံရသည့် စရဖ ဗိုလ် အောင်စည်ဝေမှာ ဆေးရုံသို့ပို့ဆောင်ဆေးကုရာ ၃၂ ချက်ချုပ် ရကြောင်း၊ ဆေးပြား နှစ်ပြားအမှန်တကယ်သုံးမိကြောင်း ပြောသည်ဟု အမည်မဖေါ်လိုသည့် တပ်အသိုင်းအဝိုင်း ကလည်းပြောသည်။

``သူပြောတာကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကား သုံးစွဲတဲ့သူကို သွားရောက်နှိမ်နင်းပြီး အခုလိုဖြစ်လာတာတဲ့။ ဆေးရုံရောက်တဲ့အထိ စကားပြောနိုင်တယ်။ ကြောင်တော့နည်းနည်း ကြောင် နေတာပေါ့။ ဓါးခုတ်ခံရလို့လား။ ဆေးကြောင်လို့လားတော့မပြောတတ်ဘူး။ ကျနော်တို့ သိတာ တော့ အဲဒီအိမ်သူသွားနေကျပါ။ ဘာဖြစ်လို့ အခုဒီလိုဖြစ်တာလဲမသိဘူး´´

စရဖ ဗိုလ်အား ဓါးဖြင့်ခုတ်ပြီးထွက်ပြေးသွားသည့် လုံးကောယန်း၏  ဇနီး နန်းဆိုင်ခမ်း အား သြဂတ်စ် ၄ ရက်နေ့က တပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း၊ အမှတ် ၂ စစ်ဆင်မှု  ကွပ်ကဲ ရေးဌာနချုပ် စကခမှူးမှလည်း ဓါးဖြင့်ခုတ်သည့် တရားခံအား မဖမ်းဆီးပေးနိုင်ပါက ပန်စွဲရပ်ကွက် အုပ်ချုပ်ရေးမှူး လုံးစောလုံ အား ဖမ်းဆီးထောင်ချမည်ဟု ခေါ်ယူခြိမ်းခြောက် ထားကြောင်း လုံးစောလုံနှင့် နီးစပ်သူတဦးကပြောသည်။

စရဖ ဗိုလ် အောင်စည်ဝေ အား မိုင်းရှူးပြည်သူ့ဆေးရုံမှ ခိုလမ် (ရလခ စစ်တိုင်းရုံးအခြေစိုက်) စစ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်းသိရှိရပါသည်။

သျှမ်းသံတော်ဆင့်
http://www.burmese.panglong.org
ပြစ်မှုကျူးလွန်သူ ယောကျာ်းအား မဖမ်းနိုင်၍ ဇနီးဖြစ်သူအားဖမ်းဆီး ထောင် ၁၆ နှစ်ချ  ပြစ်မှုကျူးလွန်သူ ယောကျာ်းအား မဖမ်းနိုင်၍ ဇနီးဖြစ်သူအားဖမ်းဆီး ထောင် ၁၆ နှစ်ချ Reviewed by သစ်ထူးလွင် on 17:09 Rating: 5
Powered by Blogger.