ကလေးသူငယ်ထိမ်းမြားလက်ထပ်ခြင်းကို ဖျက်သိမ်းရန် ဘင်္ဂလားဒေ့ရှ်တိုက်တွန်း


ဒါကာ ဇွန် ၉

သဘာဝဘေးဒုက္ခများနှင့် တစ်ခု ပြီးတစ်ခု ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကလေး သူငယ်များ ထိမ်းမြားလက်ထပ်ခြင်း ဆိုင်ရာ ကိစ္စရပ်များကို ဖျက်သိမ်း ရန် အားထုတ်လုပ်ဆောင်ရမည် ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှား တက်ကြွသူများက အင်္ဂါနေ့တွင် ပြောကြားသည်။

လူ့အခွင့်အရေး စောင့်ကြည့်သူ များအဖွဲ့က ယင်းနိုင်ငံတွင် အမျိုး သမီးငယ်များ၏ တရားဝင်ထိမ်းမြား လက်ထပ်နိုင်သည့် အသက်အပိုင်း အခြားကို ၁၆ နှစ်မှ ၁၈ နှစ်အထိ ပြောင်းလဲသတ်မှတ်ရန် အစိုးရကို တောင်းဆိုထားသည်။

ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုကို တားမြစ်ရန် ဝန်ကြီးချုပ်ကလည်း ကတိပေးထား သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ ပေါ်တွင် ကလေးသူငယ်များ ထိမ်းမြား လက်ထပ်မှုနှုန်း အမြင့် ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံ၏ အမျိုးသမီးငယ် သုံးပုံနှစ်ပုံခန့်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် သတို့သမီး ဘဝများကို ခံယူနေကြရသည်။

အဆိုပါ မိန်းကလေးများ၏ အသက် ၁၅ နှစ်မတိုင်ခင် ကျင်းပ သောမင်္ဂလာပွဲပေါင်းမှာ ၃ဝ ရာခိုင် နှုန်း နီးပါးခန့်ရှိပြီး အများစုမှာ ထိုအသက်ထက်ပင် ငယ်သေးကြောင်း တွေ့ရသည်။

ကလေးသူငယ် ထိမ်းမြား လက်ထပ်ခြင်းကို ဥပဒေအရ တရား ဝင်ခွင့်မပြုထားသော်လည်း ဌာန ဆိုင်ရာများက သတို့သမီးငယ်လေးများ အသက်မပြည့်မီ ထိမ်းမြားလက်ထပ် မှုအတွက် အသက်လိမ်၍ မွေးစာရင်း အတုများပြုလုပ်ပေးခြင်း စသည်ဖြင့် ဥပဒေကို လက်တစ်လုံးခြားပြုလုပ် ခြင်းများတွေ့ရကြောင်း လူ့အခွင့် အရေး စောင့်ကြည့်သူများ၏ အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

လူဦးရေ သိပ်သည်းထူထပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရေကြီးခြင်း နှင့် အခြားသဘာဝဘေးအန္တရာယ် များနှင့် ရင်ဆိုင်နေရသည်။ ရေကြီး ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်းတိုက် ခတ်ခြင်း၊ မြစ်ရေတိုက်စားမှုခံရခြင်းနှင့် အထက်ပါ ကလေးသူငယ်များ ထိမ်မြားလက်ထပ်ခြင်း စသော အကြောင်းအရာများက မိသားစု ဘဝများ၏ ဆင်းရဲတွင်းကို ပိုမို နက်စေခဲ့သည်။

(ရိုက်တာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကလေးသူငယ်ထိမ်းမြားလက်ထပ်ခြင်းကို ဖျက်သိမ်းရန် ဘင်္ဂလားဒေ့ရှ်တိုက်တွန်း  ကလေးသူငယ်ထိမ်းမြားလက်ထပ်ခြင်းကို ဖျက်သိမ်းရန် ဘင်္ဂလားဒေ့ရှ်တိုက်တွန်း Reviewed by သစ်ထူးလွင် on 06:06 Rating: 5
Powered by Blogger.