ဘွဲ့အတု စွဲချက်နဲ့ အိန္ဒိယ တရားရေးဝန်ကြီးကို ဖမ်းဆီး


အိန္ဒိယနိုင်ငံ ဒေလီမြို့တော်က တရားရေး ဝန်ကြီးရဲ့ ဥပဒေဘွဲ့ဟာ အတု ဖြစ်တယ်လို့ မသင်္ကာမှုတွေ ရှိနေတဲ့အတွက် ရဲတွေက သူ့ကို ဖမ်းဆီးလိုက်ပါတယ်။

မစ္စတာ Jitender Singh Tomar ဟာ ဘီဟာပြည်နယ် တက္ကသိုလ် တစ်ခုကနေ တကယ်ပဲ ဘွဲ့ရခဲ့သလား ဆိုတာကို သံသယတွေ ပေါ်ထွက်ခဲ့ပြီးတဲ့နောက် လိမ်လည်မှု၊ အတုလုပ်မှုတွေနဲ့ သူ့ကို စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ တိုမာ ကတော့ အဲဒီ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘူးလို့ ပြောပါတယ်။

သူ့ရဲ့ Aam Admi ပါတီဝင်တွေကလည်း သူတို့ ဝန်ကြီးကို နိုင်ငံရေး ပြိုင်ဖက်တွေက အငြိုးနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ဘွဲ့အတု စွဲချက်နဲ့ အိန္ဒိယ တရားရေးဝန်ကြီးကို ဖမ်းဆီး ဘွဲ့အတု စွဲချက်နဲ့ အိန္ဒိယ တရားရေးဝန်ကြီးကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 06:06 Rating: 5
Powered by Blogger.