ဆီးရီးယားအစိုးရဗုံးကြောင့်အရပ်သားတွေသေ

ဗုံးဒဏ်ကြောင့်အရပ်သားထိခိုက်မှုမကြာခဏဖြစ်
ဆီးရီးယားက လာတဲ့ သတင်းတွေ အရ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ ထိန်းချုပ် ထားတဲ့မြို့ တခုကို အစိုးရက ဗုံးကြဲချ ခဲ့ရာမှာ လူအများ အပြား ရှိနေတဲ့ ဈေးကို ထိမှန် ခဲ့ပြီး လူတွေ ဆယ်ဂဏန်း အတော်များများ သေဆုံး သွားတယ် လို့ ဆိုပါတယ်။

တိုင်ကီ တွေထဲမှာ ဖောက်ခွဲရေး ပစ္စည်းတွေ ထည့်ပြီး အလက်ပို ပြည်နယ် ထဲက အယ်လ်ဘတ်ဘ် မြို့က ဈေးမှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့ တာဟာ လူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့တာဘဲ ဖြစ်တယ်လို့ နိုင်ငံ ရေး တက်ကြွ လှုပ်ရှားသူ တွေက ပြောပါတယ်။

အလက်ပိုမြို့ အနီး နောက်ထပ် ဗုံးကြဲ တိုက်ခိုက်မှု တခု မှာလည်း မိသားစု တခုထဲက အများစု ပါဝင်တဲ့ လူ ၁၂ ဦး သေဆုံး ခဲ့ပါတယ်။

တိုင်ကီ တွေကို ဗုံးလုပ်ပြီး အသုံးပြုတာ ကို စစ်ရာ ဇဝတ်မှု အဖြစ် လူ့အခွင့်အရေး အုပ်စုတွေက ရှုတ်ချခဲ့ ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားအစိုးရဗုံးကြောင့်အရပ်သားတွေသေ ဆီးရီးယားအစိုးရဗုံးကြောင့်အရပ်သားတွေသေ Reviewed by သစ်ထူးလွင် on 05:20 Rating: 5
Powered by Blogger.