ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား


နေပြည်တော် မေ ၃ဝ

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ပိုတက်ကျေးရွာ အနီး ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး မိုင်တိုင် ၂၂၇/၅ နှင့် ၂၂၇/၆ ကြားတွင် ယနေ့နံနက် ၆နာရီခွဲက ယာဉ်တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးကျော်ဝင်း အသက် (၆၁)နှစ် မောင်းနှင်လာသော 8D/ ----- လိုက်ထရပ် အဖြူရောင်ယာဉ်မှာ ဝဲဘက် နောက်ဘီး ကျွတ်ထွက်ပြီး တိမ်းမှောက်သွားခဲ့၍ ယာဉ်ပေါ်တွင် ပါရှိသူ ၂၁ ဦးအနက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစု ကျေးရွာတွင် နေထိုင်သူ ဒေါ်စန်းပို (၅ဝ)နှစ်မှာ အခင်းဖြစ်နေရာတွင် သေဆုံးပြီး ဒဏ်ရာရရှိသူ လူနာ ၁၄ ဦးအား ဘုရားတောင်အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအုပ်စိန်ဝင်းနှင့်အဖွဲ့က နေပြည်တော်ခုတင် (၁ဝဝဝ)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (၄ဝ၆)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ရန်ကုန်-မန္တလေး အမြန်လမ်းမ ကြီး၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 04:23 Rating: 5
Powered by Blogger.