ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူသေဆုံး


မြင်းမူ မေ ၂၈

မေ ၂၇ ရက် ညနေ ၅ နာရီတွင် မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာအနီး မန္တလေး-မုံရွာ-မြင်းမူ ကားလမ်း တံတား အမှတ်၁/၄၅ ပေါ်တွင် မန္တလေး ဘက်မှမုံရွာဘက်သို့ ယာဉ်မောင်း အောင်နိုင်ဦး(၄၄နှစ်) (ထီးဆောင်း ရွာ မြင်းမူမြို့နယ်) နေသူမောင်းနှင်သည့် လိုက်ထရပ်ယာဉ်နှင့် မုံရွာဘက်မှ မန္တလေးဘက်သို့ (၂၅ နှစ်ခန့်၊ အမည်လိပ်စာ စုံစမ်းဆဲ) မောင်းနှင်လာသည့် Reebo အမျိုးအစား CZI ၁၂၅ နက်ဖြူကျားနံပါတ်မပါလိုင်စင် စိစစ်ဆဲ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မှာ လဲကျတိမ်းမှောက်ခဲ့သည်။

 ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူသည် ဒဏ်ရာများနှင့် သတိလစ်မေ့မြော ခဲ့ပြီး မြင်းမူဆေးရုံ၌ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့သည်။

သို့ဖြစ်ပါ၍လူကိုထိခိုက်ဒဏ်ရာရသေဆုံးသည်အထိ မဆင်မခြင် မောင်းနှင် သူ အောင်နိုင်ဦး (၄၄ နှစ်)နှင့် ဆိုင်ကယ်မောင်းသူတို့အား မြင်းမူမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူသေဆုံး  ကားနှင့်ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူသေဆုံး Reviewed by သစ်ထူးလွင် on 12:14 Rating: 5
Powered by Blogger.